Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မိုးကြိုးထိမှန်၍ လူ ၁၇ ဦးသေဆုံး

ကောင်းကင်တွင် လျှပ်စီးလက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။

Zee News ၏ သတင်းဖော်ပြချက်အရ ဘီဟာပြည်နယ် ကိုင်မာခရိုင်တွင် သေဆုံးသူ ၄ ဦး၊ ဂါယာမြို့တွင် ၄ ဦး၊ ကတ်တီဟာမြို့တွင် ၁ ဦး၊ မိုတီဟာရီခရိုင်တွင် ၃ ဦး၊ အာရာမြို့တွင် ၁ ဦးနှင့် ဂျာဟန်နာဘတ်နှင့် အာဝဲလ်ခရိုင်တို့တွင် ၁ ဦးစီ အသီးသီးရှိကြောင်း သိရသည်။

အဆိုပါ ပြည်နယ်ရှိ နေရာအတော်များများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်သည်ဟု ဆိုသည်။

Buxar မြို့မှ Bhagalpur မြို့အထိ ဂင်္ဂ ါမြစ်ကြောင်းတစ်လျှောက် ဘီဟာပြည်နယ်ရှိ ခရိုင်များအားလုံးကို ဗဟိုရေကော်မရှင် (CWC) က စက်တင်ဘာလ ၁၈ ရက်တွင် ရေလွှမ်းမိုးခြင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ဘီဟာပြည်နယ်မြို့တော် ပတ်နာတွင် ဂင်္ဂ ါမြစ်၏ စိုးရိမ်ရေမှတ်သည် အန္တရာယ်အမှတ်ထက် ၅၅ စင်တီမီတာ မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.