China
“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အာရပ်အဖွဲ့ချုပ် ရုံးချုပ်တွင် ဖွင့်လှစ်ကျင်းပ
ကိုင်ရို၊ မေ ၁၃ ရက် (ဆင်ဟွာ)
“မီဒီယာဉာဏ်ပညာကို စုစည်း၍ ခရီးစဉ်သစ်ကို စတင်ခြင်း__ တရုတ်-အာရပ် အေးအတူ ပူအမျှ အသိုက်အဝန်း လက်တွဲအတူတည်ဆောက်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲကို မေ ၁၂ ရက်က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ အာရပ်နိုင်ငံများအဖွဲ့ချုပ် (အာရပ်အဖွဲ့ချုပ်) ရုံးချုပ်တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများမှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်း၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၁၁၀ ခန့်မှ ကိုယ်စားလှယ်ပေါင်း ၂၅၀ ဦး ခန့် တက်ရောက်ခဲ့သည်။
အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul Gheit က အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းမှုကို မြှင့်တင်ခြင်း၊ တောင်-မြောက် ကွာဟချက်ကို လျှော့ချခြင်း၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများကို ဖြေလျှော့ခြင်း၊ ပိုမိုသာယာလှပသည့် အနာဂတ်ကို အတူတကွဖန်တီးခြင်းအတွက် ကျယ်ပြန့်သော အလားအလာကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
မီဒီယာနှင့် Think Tank သည် လူမှုအသိုက်အဝန်းတိုးတက်ရေးကို တွန်းအားပေးသည့် အဓိကအင်အား ဖြစ်ရုံသာမက နိုင်ငံအသီးသီး ပြည်သူများနှင့် ၎င်းတို့၏ ကဏ္ဍအမျိုးအစားစုံလင်လှသော ယဉ်ကျေးမှုတို့အကြား ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ အာရပ်-တရုတ် မီဒီယာနှင့် Think Tank နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်ပြီး သဘောတူညီချက်များ စုစည်းရန်၊ အာရပ်-တရုတ် ပြည်သူများအကြား မြဲမြံသည့်ချိတ်ဆက်မှု တည်ဆောက်ရေးကို တွန်းအားပေးရန်၊ ပို၍ တရားမျှတပြီး သမာသမတ်ကျသည့် နိုင်ငံတကာစည်းစနစ် တည်ဆောက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာ၌ သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-အာရပ် ဆက်ဆံရေးသည် သမိုင်းတစ်လျှောက်အကောင်းဆုံးကာလသို့ ရောက်ရှိလာခဲ့ရာ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလာပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် တိုးချဲ့ကာ လူမှုယဉ်ကျေးမှုဖလှယ်ခြင်း၏ အသီးအပွင့်များ ကြွယ်ဝခဲ့ကြောင်း ပြောကြားခဲ့သည်။
မီဒီယာနှင့် Think Tank သည် တရုတ်-အာရပ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၌ “အသံချဲ့စက်”၊ “တတ်သိပညာရှင်အဖွဲ့”၊ “နှလုံးသားချင်း ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတား” စသည့် အချက်အချာကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းအယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို ဆက်လက်၍ နက်ရှိုင်းစွာ ရှင်းလင်းဖော်ပြ ဖြန့်ချိသွားမည်ဖြစ်သလို တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများ လက်တွဲအတူလျှောက်လှမ်းကြသော လက်တွေ့ပူးပေါင်းဆောင်ရွက်ကြသော သက်ဝင်ထင်ရှားသည့် အကောင်အထည်ဖော်ဆောင်မှုများကို အပြည့်အဝ ပြသသွားမည် ဖြစ်ကြောင်း၊ တရုတ်-အာရပ် မီဒီယာနှင့် Think Tank ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို တစ်ဆင့်တိုး ပြည့်စုံအောင် ဆောင်ရွက်ကာ ပို၍များပြားသော ခိုင်မာသည့်အစီအမံများဖြင့် နှစ်ဖက် နီးကပ်စွာ သွားလာမှုကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေးကို မြှင့်တင်ကာ ပြည်သူချင်း သိရှိနားလည် ရင်းနှီးကျွမ်းဝင်စေရန်၊ ခေတ်သစ်ကို မျက်နှာမူသည့် တရုတ်-အာရပ် အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် မီဒီယာနှင့် Think Tank အင်အားဖြင့် အကျိုးဆောင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့် ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲကို ဆင်ဟွာသတင်းဌာနနှင့် အာရပ်အဖွဲ့ချုပ်တို့ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲကျင်းပသည့် နှစ်ရက်တာကာလတွင် ဆွေးနွေးပွဲတက်ရောက်သည့် ဧည့်သည်တော်များက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံလင်ဖော်ပြရေး၊ ဒစ်ဂျစ်တယ်စမတ် ဆန်းသစ်ဖန်တီးရေး၊ ယဉ်ကျေးမှုအပြန်အလှန်လေ့လောရေး စသည့်အကြောင်းအရာများကို နက်ရှိုင်းစွာ ဖလှယ်သွားကြမည် ဖြစ်သည်။ ထို့အပြင် ဆွေးနွေးပွဲကာလတွင် “ခေတ်သစ် တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု၊ အခွင့်အလမ်းနှင့် အနာဂတ်မျှော်မှန်းချက်” Think Tank အစီရင်ခံစာကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။ (Xinhua)


新华社照片,釜山(韩国),2025年10月30日
当地时间10月30日,国家主席习近平在釜山同美国总统特朗普举行会晤。
新华社记者 黄敬文 摄

—————–
(Chinese Version)
“全球南方”媒体智库高端论坛中阿伙伴大会在开罗阿盟总部开幕
新华社开罗5月12日电(记者徐皓夫 沈浩洋)以“聚媒智 启新程——携手构建中阿命运共同体”为主题的“全球南方”媒体智库高端论坛中阿伙伴大会12日在位于埃及首都开罗的阿拉伯国家联盟(阿盟)总部开幕,来自中国和阿拉伯国家约110家媒体、智库、政府机构、企业及国际和地区组织的约250名代表出席。
阿盟秘书长盖特在开幕式致辞中表示,当前全球南方国家面临诸多挑战,习近平主席提出的全球治理倡议为促进国际关系民主化、缩小南北差距、以和平方式化解全球危机、共创更加美好的未来开辟了广阔前景。媒体和智库不仅是推动社会发展的重要力量,也是连接各国人民及其多元文化的桥梁。阿中媒体与智库亟须密切合作,凝聚共识,推动构建阿中人民之间的牢固纽带,建立更加公平正义的国际秩序。
新华社社长傅华在开幕式致辞中表示,在习近平主席和阿拉伯国家领导人战略引领下,中阿关系进入历史最好时期,战略互信不断深化,多领域合作持续拓展,人文交流结出累累硕果。媒体智库在中阿友好合作中发挥着“扩音器”“智囊团”“连心桥”等关键作用。新华社将持续深入宣传阐释习近平主席提出的人类命运共同体理念和四大全球倡议,充分展现中国和阿拉伯国家携手同行、务实合作的生动实践,进一步健全中阿媒体智库合作机制,以更多务实举措促进双方密切往来,推动文明交流互鉴、人民相知相亲,为构建面向新时代的中阿命运共同体贡献媒体智库力量。
“全球南方”媒体智库高端论坛中阿伙伴大会由新华通讯社与阿拉伯国家联盟共同主办,为期两天,出席嘉宾将围绕和平发展、多元叙事、数智创新、文明互鉴等议题开展深入交流。大会期间还将发布《新时代中阿合作的成就、机遇与展望》智库报告。
1. 5月12日,在位于埃及首都开罗的阿拉伯国家联盟总部,新华社社长傅华在开幕式上致辞。新华社记者 刘磊 摄
