Connect with us

Asia

ကမ္ဘောဒီးယားတွင် အပူချိန် မြင့်တက်မှုကြောင့် ကျောင်းတက်ချိန်များ လျှော့ချ

ကမ္ဘောဒီးယားတွင် အယ်နီညိုကြောင့် ရေခန်းခြောက်သွားသည့် ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ မေ ၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံတွင် ကျောင်းသားများ အပူချိန် မြင့်တက်မှု ဒဏ်မှ ရှောင်ရှားနိုင်ရန် ကျောင်းချိန်အား တစ်ရက်လျှင် တစ်နာရီ လျှော့ချပေးခဲ့ပြီး ယင်း ပြဋ္ဌာန်းချက် အား ပညာရေး ဝန်ကြီး Hang Chuon Naron က မေလ ၂ ရက် တွင် လက်မှတ် ရေးထိုးပေးခဲ့သည်။

အဆိုပါ ပြဋ္ဌာန်းချက် အသစ်ကြောင့် နံနက်ပိုင်း အတန်းများသည် ၃၀ မိနစ် ကြိုတင် ပြီးဆုံးမည် ဖြစ်ပြီး နေ့လည်ပိုင်း အတန်းများသည် မိနစ် ၃၀ နောက်ကျမှ စတင်မည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး က ဆရာများအား ၎င်းတို့၏ ကျောင်းသားများကို သန့်ရှင်းသည့် သောက်သုံးရေများများ သောက်ရန် နှင့် နိုင်ငံ၏ အချို့နေရာများတွင် အပူချိန်သည် ၄၂ (သို့) ၄၃ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်နေသည့် အတွက် နေပူထဲ၌ ကစားခြင်း မပြုရန် အကြံပေးထားကြောင်း သိရသည်။

၎င်းက ပြဋ္ဌာန်းချက်သည် ကျောင်းသားများအား မြင့်မားသည့် အပူချိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဖျားနာမှု နှင့် အခြား အန္တရာယ်များကို ကာကွယ်ရန် အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီး၏ ပြောကြားချက် အရ ကျောင်းတက်ချိန်များ လျှော့ချခြင်းသည့် အေးမြသည့် မိုးရွာသွန်းမှု မစတင်ခင် အထိ အသက်ဝင်နေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)