Connect with us

Asia

မေလ ၉ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ဖိလစ်ပိုင် အဆင်သင့်ရှိ

ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်များ ထုတ်လုပ်မှုအား ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သတင်းထောက်များအား ပြသနေစဉ် (ဓာတ်ပုံ- အင်တာနက်)

မနီလာ၊ မေ ၃ ရက် (ဆင်ဟွာ)

မေလ ၉ ရက်တွင် ပြုလုပ်မည့် ဖိလစ်ပိုင် ရွေးကောက်ပွဲ ကျင်းပရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရက မေလ ၃ ရက်၌ ကြေညာ လိုက်သည်။

သမ္မတ ရွေးကောက်ပွဲဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းရုံး အတွင်းဝန် ဟာမီနို ကိုလိုမာ ဂျူနီယာက ရွေးကောက် ပွဲအား အစီအစဉ်တကျ ငြိမ်းချမ်းစွာဖြင့် အဓိပ္ပါယ် ပြည့်ဝသော ရွေးကောက်ပွဲ တစ်ရပ်အဖြစ် ကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို မေလ ၂ ရက်က ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်စားပြုသည့် ရဲများနှင့် စစ်တပ်ကလည်း ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင် မည့် Hot spot အဖြစ် သတ်မှတ်ထားသည့် ဧရိယာများ၌ အထူး အလေးပေး စောင့်ကြပ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ပြုလုပ်မည့် ရွေးကောက်ပွဲအား ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲများထက် ပြင်ဆင်မှုများ ပိုပြီး လုပ်ဆောင်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Andres Bautista က ပြောသည်။
ဖိလစ်ပိုင် နိုင်ငံသား ၅၄.၃၆ သန်းကလည်း လာမည့် မေလ ၉ ရက်တွင် သက်ဆိုင်ရာ မဲပေးရမည့် နေရာများ၌ သွားရောက် မဲပေးကြမည် ဖြစ်သည်။
လက်ရှိ ရွေးကောက်ပွဲ၌ သမ္မတလောင်း နေရာအတွက် ကိုယ်စားလှယ် ငါးဦးက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.