Connect with us

Asia

အင်ဒိုနီးရှားမြို့တော်၌ တိုက်ခိုက်မှုများကြောင့် ရဲ ၁ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး


ဂျာကာတာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ ဈေးဝယ်စင်တာ တစ်ခု အနီးတွင် ယာဉ်ထိန်းရဲ တစ်ဦးအား သေနတ် သမားများက တိုက်ခိုက်မှု ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ ရဲ ၁ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး အခြားရဲ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Anton Charliyan က သတင်း ထောက်များအား ပြောသည်။

ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် သမ္မတနန်းတော် ဝန်းကျင်တွင် လုံခြုံရေးများ တိုးမြှင့် တပ်ဖြန့်ထားကြောင်း အင်ဒိုနီးရှား ရဲချုပ် ဗိုလ်ချုပ်ကြီး Badrodin Haiti က ပြောသည်။ဗိုလ်မှူးချုပ် Anton Charliyan က အဆိုပါ တိုက်ခိုက်မှုသည် အင်ဒိုနီးရှားနိုင်ငံသို့ အိုင်အက်စ် (IS) အဖွဲ့ က တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ချက် ထုတ်ပြန်ပြီးနောက် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ ဈေးဝယ်စင်တာတစ်ခုအနီး၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားအပြီးတွေ့ရစဉ် (ဆင်ဟွာ)

၎င်းက “ဒါဟာ အိုင်အက်စ် (IS) အဖွဲ့၏ သတိပေးချက် ပေးပြီးနောက် ဖြစ်လာတယ်ဆိုတာ ရှင်းနေတယ်၊ အင်ဒိုနီးရှားဟာ အပြည်ပြည်ဆိုင်ရာ သတင်းတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

အိုင်အက်စ် (IS) အဖွဲ့၏ သတိပေး ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း နေရာမျိုးစုံ၌ှ စစ်သွေးကြွများအား ဖမ်းဆီးထားခဲ့သည် ဟုဆိုသည်။

ဂျာကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ M. Iqbal က တီဗီ တယ်လီဖုန်း အင်တာဗျူး တစ်ခုတွင် “ဒီပေါက်ကွဲ မှုက ဗုံးပေါက်ကွဲမှုက စတင်ခြင်း ဖြစ်ပြီး အတိအကျတော့ မသိရသေးပါဘူး၊ စုံစမ်းစစ်ဆေးမှုတွေက လဲ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့လဲ တိုက်ခိုက်ခံရတဲ့ ယာဉ်ထိန်းရဲ တိုက်ခိုက်ခံရတဲ့ နေရာ ဘယ် ဘက်ခြမ်းရှိ ကော်ဖီဆိုင်ကိုလဲ ပိုက်စိပ်တိုက်ရှာနေပါတယ်” ဟု ပြောကြားခဲ့သည်။

Metro TV ရုပ်သံတင်ပြမှုအရ ပေါက်ကွဲမှုများမှာ ဈေးဝယ်စင်တာ၏ အရှေ့ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြသခဲ့ ပြီး အခြား ရုပ်သံတစ်ခုတွင်မူ အဖြူရောင်ဝတ်ဆင်ထားသူ နှစ်ဦးသည် လမ်းပေါ်သို့ သေနတ်ဖြင့် ချိန်ထားပြီး ၎င်းတို့၏ နောက်လိုက်များအား ညွှန်ကြားနေကြောင်း ပြသထားသည်။
တီဗီသတင်း တင်ပြချက်အရ ရဲအား ပစ်ခတ်မှုတွင် အနည်းဆုံး လူ ၁၄ ဦး ပါဝင်နေပြီး မျက်မြင် သက်သေ တစ်ဦး၏ အဆိုအရ ယင်းမတော်တဆမှု၌ သေဆုံးခဲ့သူမှာ နိုင်ငံခြားသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျာကာတာ အနောက်ပိုင်း ပါလ်မီရာ တွင်လည်း အခြားပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.