Connect with us

Asia

ဂျပန်နိုင်ငံ ဝါကာရာမမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ ၃ဦးဒဏ်ရာရရှိ

ဂျပန်နိုင်ငံ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ဘက် ဝါကာရာမမြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ၌ သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သေနတ်သမားသည် အသက်၄၀ နှစ်မှ ၆၀ နှစ်အတွင်း ရှိပြီဖြစ်ပြီး လူလေးဦးနှင့် စကားပြောနေစဉ် ၎င်းနှင့်ပါလာသည့် အိတ်ထဲမှ သေနတ်တစ်လက်အား ဆွဲထုတ်ကာ ယင်း လူလေးဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။
သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူသုံးဦးမှာ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၅နှစ် အရွယ် ဂျွန်ဆုခဲ အိရှီရာမ အမည်ရှိ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တရားခံသည် အခင်းဖြစ်ပွားရာမှ ၎င်း၏ သေနတ်နှင့် အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခြင်းသည် ရှားပါးဖြစ်ရပ်ဖြစ်ပြီး လက်နက်ထိန်းချုပ်မှု ဥပဒေများကိုလည်း တင်းကျပ်ထားသည့် နိုင်ငံတစ်ခုဖြစ်သည်။ သေနတ်ပစ်ခတ်မှုအများစုသည် ရာကူဇာဂိုဏ်းများကြား ယှဉ်ပြိုင်ကြရာမှ ဖြစ်ပွားကြခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် သေနတ်သမားအား ရှာဖွေလျက်ရှိပြီး ဒေသခံပြည်သူများကိုလည်း သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.