Connect with us

Asia

တရုတ်-လာအို ရထားလမ်း ဒုတိယအရှည်ဆုံး ဥမင်လှိုဏ်ခေါင်း အောင်မြင်စွာ ဖောက်လုပ်ပြီးစီး  

Ban Nakokဥမင်လိုဏ်ခေါင်းအရှေ့တွင် အောင်မြင်စွာဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဇွန် ၂၁ ရက် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

China Railway Guangzhou Engineering Group (CRECGZ)ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း Ban Nakokဥမင်လိုဏ်ခေါင်းသည် ဇွန်လ ၂၁ ရက်တွင် အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Ban Nakokဥမင်လှိုင်ခေါင်းသည် လာအိုနိုင်ငံ မြောက်ပိုင်း Oudomxay ပြည်နယ်တွင်ရှိပြီး မြို့တော်ဗီယန်ကျင်း မြောက်ဘက်  ၄၀၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။၎င်းသည် တရုတ်-လာအို ရထားလမ်းတစ်လျှောက် ဒုတိယ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းဖြစ်သလို ထိန်းချုပ်ဆောင်ရွက်ရန်ခက်ခဲသည့် တည်ဆောက်မှုအပိုင်းရှိသော လှိုဏ်ခေါင်းလည်း ဖြစ်သည်။

 Ban Nakokဥမင်လိုဏ်ခေါင်းမဖွင့်လှစ်မီ ဖောက်လုပ်ခဲ့ရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

စုစုပေါင်းအရှည် ၉,၂၉၆ မီတာ ရှိသည့် Ban Nakokဥမင်လှိုင်ခေါင်းသည် ပြတ်ရွှေ့ဇုန် ၄ ခုကို ဖြတ်သန်းဖောက်လုပ်ရခြင်းဖြစ်ပြီး ဘူမိအနေအထား ရှုပ်ထွေးရာ ဆောက်လုပ်ရေးနှင့် လုံခြုံရေးထိန်းချုပ်မှုအန္တရာယ် အခက်အခဲများသည့် ဆောက်လုပ်ရေးအပိုင်းဖြစ်သည်။ 

 Ban Nakokဥမင်လိုဏ်ခေါင်းမဖွင့်လှစ်မီ ဖောက်လုပ်ခဲ့ရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

 Ban Nakokဥမင်လိုဏ်ခေါင်းမဖွင့်လှစ်မီ ဖောက်လုပ်ခဲ့ရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် မေလက ဆောက်လုပ်မှုလုပ်ငန်းများစတင်သည့် အချိန်မှစ၍ CRECGZ စီမံကိန်းဌာနသည် ဘူမိအနေအထားရှုပ်ထွေးမှုကြောင့် ဆောက်လုပ်ရေးခက်ခဲသည့် ပြသာနာကို ဖြေရှင်းရန် ဆန်းသစ်တီထွင်ခဲ့ရာတွင် “အရှေ့တောင်အာရှမိုးသစ်တော ပျော့ပျောင်းသောကျောက်ဥမင်လိုဏ်ခေါင်းဆောက်လုပ်ခြင်း အဓိကနည်းပညာများ”စသည့် သိပ္ပံသုတေသန ရလဒ်များရရှိခဲ့ရာ ဆောက်လုပ်မှုလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းကာလမှစ၍ COVID-19 ကပ်ရောဂါ၏သက်ရောက်မှုများကို ကျော်လွှားရန် ကုမ္ပဏီ စီမံကိန်းဌာနသည် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို နှစ်ခုစလုံး မလစ်ဟင်းအောင်လုပ်ဆောင်ခဲ့သည်။ 

ယင်းဒေသ၏အားသာချက်ကို အသုံးပြုကာ ၎င်းဒေသရှိ သဲကျောက်၊ဘိလပ်မြေ အစရှိသည့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို အမြောက်အမြားဝယ်ယူပေးခဲ့သလို ဒေသခံ လုပ်သားအင်အား အသုံးပြုမှု၊ ကုမ္ပဏီလုပ်ငန်းနှင့်ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ 

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်တွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း”မဟာဗျူဟာ ချိတ်ဆက်ထားသည့် စီမံကိန်း ဖြစ်ရာ မြောက်ဘက် လာအို-တရုတ် ဘိုတန်(Boten)နယ်စပ်ဂိတ်မှ တောင်ဘက် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းအထိ ဖောက်လုပ်သည့် စီမံကိန်း ဖြစ်သည်။ အဆိုပါရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၄၁၄ ကီလိုမီတာရှိရာ ၎င်းအနက်  စုစုပေါင်းအရှည် ၁၉၈ ကီလိုမီတာ ရှိသော ဥမင်လိုဏ်ခေါင်း ၇၆ ခု ပါရှိပြီး ရထားလမ်း၏ အရှည်ဆုံးဥမင်လိုဏ်ခေါင်းဖြစ်သည့် ၉,၃၈၄ မီတာရှိသော  Ban Sen အမှတ်(၂) ဥမင်လိုဏ်ခေါင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်  ဖောက်လုပ်ပြီးစီးခဲ့သည်။

တရုတ်-လာအိုရထားလမ်း၏တည်ဆောက်မှုအားလုံးကို တရုတ်နိုင်ငံ၏စီမံခန့်ခွဲမှုစံချိန်နှင့်နည်းပညာ စံချိန်အတိုင်း တည်ဆောက်ခြင်းဖြစ်ရာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ မြန်နှုန်းဖြင့် ခရီးသည်တင် ရထားနှင့်ကုန်တင်ရထားနှစ်မျိုးလုံးသွားလာနိုင်သည့် လျှပ်စစ်ရထားလမ်းဖြစ်ကြောင်းသိရသည်။ အဆိုပါရထားလမ်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် လျာထားကြောင်း သိရသည်။ (Xinhua)