Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ကျုံအန်း မှ ဘက်စုံစစ်ရေးပူးပေါင်း တိုက်ခိုက် လေ့ကျင့်မှု ကို သွားရောက် ကြည့်ရှု

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ကျုံအန်း(Kim Jong-un) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ကျုံအန်း(Kim Jong-un) သည် ဧပြီလ ၂၅ ရက်နေ့က နိုင်ငံ အရှေ့ပိုင်း ရှေ့တန်း သို့သွားရောက်ကာ မြောက်ကိုရီးယား တပ်ဖွဲ့ မှ ပြုလုပ်သော အကြီးမားဆုံး ဘက်စုံစစ်ရေးပူးပေါင်း တိုက်ခိုက်လေ့ကျင့်မှု ကိုသွားရောက် ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က ဧပြီလ ၂၆ ရက်နေ့၌ ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်တွင် ယခု ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု သည် မြောက်ကိုရီးယား နိုင်ငံ မှ ဆောင်ရွက်ခဲ့သည့် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ရေငုပ်သင်္ဘော မှ တော်ပီဒို ဖြင့်တိုက်ခိုက်ခြင်း ၊ လေယာဉ် များမှ ပင်လယ်မျက်နှာပြင်နှင့် အနိမ့် ပျံသန်းကာ ပစ်မှတ်အား ဗုံးကြဲ တိုက်ခိုက်ခြင်း နှင့် အော်တို အမြောက်လက်နက်ကြီး ပေါင်း ၃၀၀ ကျော်မှ ပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်း စသည် တို့ကို လေ့ကျင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် သတင်းဖော်ပြချက်၌ စစ်ရေးလေ့ကျင့်ခဲ့သည့် နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် မြောက်ကိုရီးယား သမ္မတ ကင်ကျုံအန်း က အရှေ့ပိုင်း ရှေ့တန်း ရှိ လေဆိပ် သို့သွားရောက် ခဲ့ပြီး စစ်ရေးလေ့ကျင့်သည့် တပ်ဖွဲ့ကို စစ်ဆေးကာ အစီရင်ခံစာများကို ကြားနာခဲ့ပြီး လေ့ကျင့်မှု စတင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့သည် မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း ၈၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ တွင် ဂုဏ်ပြုသည့် ပွဲတော် မျိုးစုံ ကို ကျင်းပ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.