Connect with us

Asia

ဘင်္ဂလားဒေ့ရှ် မြေပြိုမှု သေဆုံးသူ ၁၃၄ ဦးရှိလာပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေပြိုမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ခရိုင် သုံးခု၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများ၌ သေဆုံးသူ အရေအတွက်မှာ ၁၃၄ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း၊ စစ်တပ် အရာရှိ နှစ်ဦး ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဇွန်လ ၁၂ ရက် နံနက်ပိုင်းကစ၍ ရွာသွန်းခဲ့သည့် မိုးကြောင့် စစ်တကောင်း၊ ဘန်ဒါဘန်နှင့် ရန်ဂါမက်တီခရိုင်များ တလျှောက် ဇွန်လ ၁၃ ရက်က အကြီးအကျယ် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် အများအပြား မြေမြှုပ်ပြီးသား ဖြစ်ခဲ့သည်။

မြေပြိုမှုတွင် စစ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို အခြားသူများမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားရေးမှူး ရဲမှူးကြီး Md Rashidul Hasan က ဆင်ဟွာသို့ ပြောခဲ့သည်။

သေဆုံးသူများအားလုံးကို လတ်တလော မည်သူမည်ဝါဖြစ်သည်ဟူ၍ ခွဲခြားနိုင်ခြင်း မရှိသေးကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က စစ်တကောင်းခရိုင်တွင် အကြီးအကျယ် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၂၃ ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.