Connect with us

Asia

ပါကစ္စတန်၌ အစ်ပွဲတော်အတွင်း ယဇ်ပူဇော်ရန် အသုံးပြုငွေမှာ ဒေါ်လာ ၄ ဘီလီယံကျော်ရှိ

ပါကစ္စတန်နိုင်ငံ၌ အစ်ပွဲတော်တွင် ယဇ်ပူဇော်ရန် ချည်နှောင်ထားသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ စက်တင်ဘာလ ၁၃ ရက် မှ ၁၅ ရက်အထိ ကျင်းပခဲ့သော အစ်ပွဲတော်တွင် ယစ်ပူဇော်ရန်အတွက် တိရစ္ဆာန်များဝယ်ယူရန် အသုံးပြုခဲ့သော ငွေကြေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိကြောင်း သိရသည်။

အစ်ပွဲတော်သည် ပါကစ္စတန်နိုင်ငံ၏ အကြီးကျယ်ဆုံးပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် နွားနှင့်နွားရိုင်းကောင်ရေ ၂,၆ဝဝ,ဝဝဝ ကျော်ကို ယဇ်ပူဇော်ခဲ့ကြောင်း နှင့် ယဇ်ပူဇော်ရန်အတွက် ဝယ်ယူခဲ့သောကွဲျနွားတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံအထိ ရှိခဲ့ကြောင်း Samaa သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ပါကစ္စတန်ပြည်သူများသည် ဆိတ်ကောင်ရေ ၄ သန်းကို ယဇ်ပူဇော်ရန် ခန့်မှန်းခြေတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၅၃ ဘီလီယံအသုံးပြုခဲ့ကြောင်း သိရသည်။ အစ်နေ့ပွဲတော်အတွက် နိုင်ငံတစ်ဝန်းရှိ ဈေးကွက်များမှ သိုးကောင်ရေ ၈ သိန်းကျော် နှင့် ကုလားအုပ်ကောင်ရေ ၃ဝဝဝ ဝယ်ယူရန် အတွက် ငွေကြေးတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၅၁ သန်း အသုံးပြုခဲ့သည်။
မွတ်စလင်ဘာသာဝင်များသည် အစ္စလမ်ပြက္ခဒိန် ၁၂ လမြောက်၏ ၁ဝ ရက်နေ့တွင် အစ်ပွဲတော်(Eid-al-Adha) ကို နှစ်စဉ်ဆင်နွှဲလျက်ရှိပြီး ယင်းနေ့တွင် ဆိတ် ၊ သိုး ၊ ကွဲျ ၊ နွား နှင့် ကုလားအုပ်များကို ယစ်ပူဇော်ပသ ကြလေ့ရှိသည်။
ထို့နောက် ယစ်ပူဇော်ထားသော အသားများကို မိသားစုဝင်များက တစ်ပုံ ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေအပေါင်းအသင်း နှင့် အိမ်နီးနားချင်းများအတွက် တစ်ပုံ နှင့် ဆင်းရဲသားများအတွက် တစ်ပုံဟူ၍ သုံးပုံအညီအမျှ ခွဲဝေ ဝေငှပေးကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.