Connect with us

Asia

ထိုင်းရဲတပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦး သေဆုံး၊ ၃၀ ဦး ဖမ်းမိ

ထိုင်း ရဲတပ်ဖွဲ့မှ ဝင်ရောက် စီးနင်းမှုတွင် သံသယရှိသူများအား ဖမ်းဆီးလာစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နာခွန် ရတ်ချာစီမာပြည်နယ်ရှိ အပန်းဖြေအိမ်ရာ တစ်ခုအတွင်းသို့ ထိုင်း ရဲတပ်ဖွဲ့ က စက်တင်ဘာလ ၁၄ ရက် အစောပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦးအား အသေဖမ်းဆီးမိခဲ့ပြီး အဖွဲ့ဝင် ၃၀ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း အခြား အဖွဲ့ဝင်များစွာမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

သံသယရှိသော အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် ဘန်ကောက် အခြေစိုက် မူးယစ်ဆေးဝါး ရောင်းဝယ်သူများအဖွဲ့ တစ်ဖွဲ့မှ နှစ်ရက်ကြာ ပါတီကျင်းပနေသည့် ခိုယိုင် အမျိုးသား ပန်းဥယျာဉ် အနီးဝန်းကျင်သို့ ထိုင်း ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၃း၃၀ နာရီအချိန်တွင် ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းမီဒီယာ ထိုင်းရတ်က ဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားသည့် နေရာ၌ အဖွဲ့ဝင် ၃၀ ဦးအား ဖမ်းမိခဲ့ကြောင်းနှင့် ၎င်းတို့၏ အခန်းများအတွင်း၌ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း အခြား အဖွဲ့ဝင် ၈ ဦးသည် ကား သုံးစီးဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူသည် ဘန်ကောက်က အဓိက မူးယစ်ဆေးဝါး ကွန်ရက်၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို မင်းကြီး Rewat Klinkesorn က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.