Connect with us

Asia

ပါကစ္စတန် နိုင်ငံတွင် ပြင်းထန်သော ငလျင် လှုပ်ခတ် ခဲ့သောကြောင့် လူပေါင်း ၁၆ ဦးသေဆုံး

ပါကစ္စတန် နိုင်ငံ အစ္စလမ်မာဘတ် တွင် ငလျင် လှုပ်ခတ် မှုကြောင့် ပြည်သူ များ လမ်းပေါ်သို့ ထွက်၍ နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလမ်ဘတ် ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်နေ့၌ အလွန်ပြင်းထန် သည့် ငလျင်တစ်ခု လှုပ်ခတ် ခဲ့ရာ လူပေါင်း ၁၆ ဦးသေဆုံး ခဲ့ရပြီး ရာ နှင့် ချီသော ပြည်သူများ ဒဏ်ရာရရှိခဲ့ကာ နေအိမ် အများအပြား ပြိုလဲ ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၆ ရက်၌ အာဖဂန်နစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် လည်း ငလျင် ပြင်းအား ၇.၇ စကေး ရှိသည့် ငလျင်တစ် ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရပြီး အိန္ဒိယ နိုင်ငံ တွင် လည်း ပြင်းထန် သော ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိ ခဲ့ရသည်။

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေး ဌာန မှ အာဖဂန်နစ္စတန် နိုင်ငံ တွင် ပြင်းအား ၇.၇ စကေး ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ခဲ့ပြီး တရုတ် နိုင်ငံ ကလည်း အိန္ဒိယ နှင့် ပါကစ္စတန် တို့တွင် အလွန် ပြင်းထန်သော ငလျင်များ လှုပ်ခတ် ခဲ့ကြောင်း ထုတ်ပြန် ခဲ့ကြသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117