China
ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၂ ရက် ညပိုင်းတွင် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာ၌ အီရှက်ဒါက အီရန်နှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံ၏ လတ်တလော ကြားဝင်စေ့စပ်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပါကစ္စတန်ဘက်က ကြိုးပမ်းမှုများအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ အတူတကွ ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံ အခြေခံမူရပ်တည်ချက်အား ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်-အီရန် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် ယုံကြည်ချက်ထားရှိပြီး ကြားဝင်စေ့စပ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်၊ ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေးကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းနိုင်ရန်၊ ဒေသတွင်းငြိမ်းချမ်းရေး ဆောလျင်စွာပြန်လည်ရရှိစေရန်အတွက် အကျိုးဆောင်ပေးရန် မျှော်လင့်ကြောင်း၊ ယင်းမှာ နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သည့်သဘောဆန္ဒလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်၏ ကြားဝင်ညှိနှိုင်းပေးမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး ထို့အတွက် မိမိတို့အနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့်ရက်အနည်းငယ်အကြာတွင် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ရောက်ရှိတော့မည်ဖြစ်ရာ နှစ်ဖက်အနေဖြင့် အထိမ်းအမှတ် အခမ်းအနားများကို အတူတကွ ကောင်းမွန်စွာ ကျင်းပရန်၊ အဆင့်မြင့်အလွှာ အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကို နီးကပ်စွာ လုပ်ဆောင်ရန်၊ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ရန်၊ သံမဏိပမာ မြဲမြံသည့်ချစ်ကြည်ရေးကို ခိုင်မာစေရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်၊ အပြန်အလှန် အဓိကအကျိုးစီးပွားများနှင့် တရုတ်-ပါကစ္စတန် ဘုံအကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေးကို တွန်းအားပေး မြှင့်တင်သွားရန် ဝမ်ရိက ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂ စသည့် ဘက်ပေါင်းစုံပလက်ဖောင်းများတွင် တရုတ်-ပါကစ္စတန်၏ တရားမျှတသောအသံကို ထုတ်ဖော်သွားရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ ကာကွယ်စောင့်ရှောက်သွားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရှက်ဒါက ပါကစ္စတန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အခါသမယကို အခွင့်ကောင်းအဖြစ်မှတ်ယူကာ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ဘက်စုံပူးပေါင်းညှိနှိုင်းမှုများကို နီးကပ်စေရန်နှင့် ပါကစ္စတန်-တရုတ် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် တိုးတက်မှုအသစ်များ ရရှိလာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
王毅同巴基斯坦副总理兼外长达尔通电话
新华社北京5月12日电 中共中央政治局委员、外交部长王毅12日晚同巴基斯坦副总理兼外长达尔通电话。
达尔介绍了巴方斡旋伊朗与美国接谈近期情况,感谢中方支持巴方促谈努力,期待同中方加强协调配合,共同为维护地区和平稳定发挥积极作用。
王毅重申中方原则立场,赞赏巴方促成美伊谈判并延长临时停火,希望巴方保持信心、加大斡旋,为妥善解决霍尔木兹海峡开放问题、早日恢复地区和平做出贡献,这也是国际社会的普遍愿望。中方将继续支持巴方的调解并为此做出自己的努力。
王毅表示,再过几天中巴两国将迎来建交75周年纪念日,双方要共同办好纪念活动,密切高层交往,加强战略沟通,巩固铁杆友谊,推进务实合作,更好维护彼此核心利益和中巴共同利益,推动中巴全天候战略合作伙伴关系迈上新台阶。面对变乱交织的世界,双方应在联合国等多边平台发出中巴正义声音,共同捍卫多边主义。
达尔表示,巴方愿以两国建交75周年为契机,同中方深化全方位合作,密切多边协作,推动巴中全天候战略合作伙伴关系取得新发展。(完)
1. 3月31日,中共中央政治局委员、外交部长王毅在北京同巴基斯坦副总理兼外长达尔举行会谈。 新华社记者 才扬 摄
