Connect with us

Asia

သုံး နှစ်ကျော် ကာလအတွင်း ပထမဆုံးအဖြစ် တရုတ်၊ တောင်ကိုရီးယား (ROK) နှင့် ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပရန် စီစဉ်

တရုတ်နိုင်ငံ ၊ တောင်ကိုရီးယား နိုင်ငံ(ROK) နှင့် ဂျပန် နိုင်ငံ သုံးနိုင်ငံမှ စီးပွားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီးများ၏ ၉ ကြိမ်မြောက် အစည်းအဝေး အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၂ ခုနှစ် မေလက ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာလ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ တောင်ကိုရီးယား နိုင်ငံ (ROK) နှင့် ဂျပန် နိုင်ငံ တို့သည် သုံးနှစ်ကျော် ကာလအတွင်း စီးပွားရေး ဝန်ကြီးများ၏ ပထမ အစည်းအဝေးကို ဆိုးလ်တွင် ပြုလုပ်ရန် စီစဉ်နေကြောင်း တောင်ကိုရီးယား နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၊ တောင်ကိုရီးယား နိုင်ငံ(ROK) နှင့် ဂျပန် နိုင်ငံ သုံးနိုင်ငံမှ စီးပွားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီးများ၏ အဆိုပါ ၁၀ ကြိမ်မြောက် အစည်းအဝေးကို ဆိုးလ် မြို့လယ်ရှိ ဟိုတယ် တစ်ခုတွင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်၌ ကျင်းပမည် ဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း နှင့် စွမ်းအင် ဆိုင်ရာ ဝန်ကြီးဋ္ဌာန၏ ပြောကြားချက် အရ သိရသည်။

၂၀၁၂ ခုနှစ်၊ မေလ ၁၂ ရက်တွင် ကျင်းပခဲ့သော အစည်းအဝေး ပြီးလျှင် ယခုအစည်းအဝေးသည် ပထမဆုံး ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်တွင် ဆိုးလ် ၌ ကျင်းပမည့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ တက်ရောက်မည်ဟု ခန့်မှန်း ရသော သုံးနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ကျင်းပခြင်းလည်း ဖြစ်သည်။

စီးပွားရေး ဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေး ကိုယ်စားလှယ် ကျုံးရှန်း ၊ တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး စက်မှု လုပ်ငန်းနှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီး ယုံဆန်းဂျစ် ၊ ဂျပန် နိုင်ငံ စီးပွားရေး ကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီး မိုတိုး ဟာရာရှိ တို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

အစည်းအဝေး၌ သုံးနိုင်ငံ ဝန်ကြီးများသည် သုံးနိုင်ငံကြား လွတ်လပ်သော ကုန်သွယ်မှု ဆိုင်ရာ စာချုပ်များ နှင့် ဒေသဆိုင်ရာ ပြည့်စုံသော စီးပွားရေး မိတ်ဖက် (RCEP) စသည့် ကိစ္စရပ်များ အပေါ် စေ့စပ် ဆွေးနွေးခြင်းများ အား အရှိန် မြှင့်တင်သွားရန်၊ သုံးနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များအား မည်သို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117