Connect with us

Asia

ဖိလစ်ပိုင်ထောင် တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁၀ဦးသေ

ဖိလစ်ပိုင်ထောင် ပေါက်ကွဲမှု အတွင်း သေဆုံးသွားသူတစ်ဦးအား သယ်ထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။

အကျဉ်းထောင် ရုံးအဆောက်အအုံပထမထပ် ရှိ ထောင်ကြီးကြပ်ရေးမှူး Gerald Bantag ၏ ရုံးခန်း၌ ည ၈း၃၀ ပတ်ဝန်းကျင် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် Paranque မြို့တော်ဝန် Edwin Olivarez ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။
Bantag သည် ဗုံးစမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။
အကျဉ်းထောင် ဝင်းအတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး ပေါက်ကွဲမှု ၃ခုထက်မနည်း ကြားခဲ့ရကြောင်း အကျဉ်းထောင် အနီး နေထိုင်သူများက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့များသည် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.