Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ သမ္မတ က ဖိလစ်ပိုင်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အပေါ် အားရကျေနပ်ကြောင်း ပြောကြား

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က ဒီဇင်ဘာ ၄ ရက် ၌ လက်ရှိချိန်တွင် ဖိလစ်ပိုင်-တရုတ် နှစ်နိုင်ငံ က အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှု ပိုမို ရရှိထား ခဲ့ပြီး မိမိ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အပေါ် အားရကျေနပ်ကြောင်း ပြောကြား ခဲ့သည်။

ဒူတာတေး က ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်မည့် ဟွမ်ရှိလျှမ် (Huang Xilian) ၏ သံအမတ်ခန့်အပ်လွှာ ပေးအပ်စဉ် အတွင်း အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒူတာတေး က မိမိ အနေဖြင့် သမ္မတ တာဝန် စတင် ထမ်းဆောင်ချိန် မှ စ၍ ဖိလစ်ပိုင် နိုင်ငံ သမ္မတ အနေဖြင့် အမှီအခို ကင်းမဲ့သည့် နိုင်ငံခြားရေး မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်ခဲ့ပြီး တရုတ် နိုင်ငံ နှင့် ချစ်ကြည်ပူးပေါင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ခိုင်မြဲစွာ ဆောင်ရွက် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး က လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး လက်ရှိချိန်တွင် တရုတ် နိုင်ငံ က ဖိလစ်ပိုင် နိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ လတ်တလောနှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ က ဖိလစ်ပိုင် နိုင်ငံ အပေါ် ကူညီထောက်ပံ့မှု များစွာ ပြုလုပ်ပေးခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ ၏ တည်ဆောက်မှု အစီအစဉ် တွင် ဆက်လက်ထောက်ခံပေးသွားပြီး ဖိလစ်ပိုင် နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက် ကာ ဖိလစ်ပိုင် နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ကူညီ အားစိုက်ပေးသွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟွမ်ရှိလျှမ် က တရုတ် နိုင်ငံ တွင် ရှေ့ဆက်၍လည်း ဖိလစ်ပိုင် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ပြီး တရုတ်-ဖိလစ်ပိုင် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)