Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် ငါးပူတင်းစားမိ၍ လူ၆ဦးသေ၊ ၁၇ဦးအော့အန်

အဆိပ်သင့်မှုဖြစ်ပွားစေသည့် ငါးပူတင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ မြို့တော်ဒါကာမြို့မှ အရှေ့မြောက်ဘက်၂၃၈ကီလိုမီတာ အကွာ Sylhet ခရိုင်တွင် ငါးပူတင်း စားမိ၍ လူ ၆ဦးသေဆုံးပြီး အခြားလူ ၁၇ဦး နေမကောင်းဖြစ်ခဲ့ကြောင်း သိရသည်။

Sylhet မြို့ပြခွဲစိတ်ဆရာဝန် Habibur Rahman က ဒီဇင်ဘာ ၅ရက်တွင် ငါးပူတင်းစားမိ၍ အနည်းဆုံး လူ၂၃ဦး အော့အန်ဖြစ်ခဲ့ကြောင်း ဒီဇင်ဘာ ၇ရက်တွင် ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

၎င်းက ငါးပူတင်းအဆိပ်သင့်သူများအား Sylhet ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း ၎င်းတို့အနက် ကလေးငယ်နှစ်ဦးအပါအဝင် လူငါးဦး ဒီဇင်ဘာ ၆ရက်တွင်သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြား တစ်ဦးမှာ ဒီဇင်ဘာ ၇ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

Rahman က ဆေးရုံတွင် ကျန်ရှိနေသည့် အစာအဆိပ်သင့်သူများအား ဆက်လက်ဆေးကုသပေးနေပြီး စိုးရိမ်ရသည့်အခြေအနေမှ ကင်းလွတ်သွားပြီဖြစ်ကြောင်း နှင့် ငါးပူတင်းစားသုံးခြင်းမှ ရှောင်ရှားကြရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

ငါးပူတင်း စားသုံးခြင်းကြောင့် အစာအဆိပ်သင့်မှုဖြစ်ရပ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြင့်တက်လျက်ရှိသော်လည်း ဈေးကြီးသောဟင်းလျာအဖြစ်ရောင်းချနေသည့် ငါးပူတင်းဟင်းလျာကြောင့် သေဆုံးခဲ့သည့် ဖြစ်ရပ်များမရှိကြောင်း သိရသည်။

နှစ်စဉ် ငါးပူတင်းစားသုံးမှုများကြောင့် အစာအဆိပ်သင့်၍ ဆေးရုံတက်ရသူများရှိနေပြီး ၎င်းတို့အနက် အနည်းငယ်သာ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.