Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော် ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ KM Murul Huda အား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၁ ကြိမ်မြောက် လွှတ်တော် ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ KM Murul Huda က နိုဝင်ဘာလ ၈ ရက်ညပိုင်းတွင် ပြောကြားလိုက်သည်။

Huda က ရုပ်မြင်သံကြား မိန့်ခွန်း၌ ယင်း ကြေညာချက်အား ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျာထားချက်အရ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် အမည်စာရင်း လျှောက်လွှာတင်ခြင်းကို နိုဝင်ဘာလ ၁၉ ရက်မတိုင်မီ တင်သွင်းရမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်မှုကို နိုဝင်ဘာလ ၂၉ ရက်အထိ ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.