Connect with us

Asia

ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် မီးလောင်မှုကြောင့် သေဆုံးသူ ၆၉ဦးအထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ရှိ Chawkbazar လူနေဧရိယာ၌ မီးလောင်ကျွမ်းနေစဉ် (ဆင်ဟွာ)

ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ ၏ နေရာတစ်ခုတွင် အဆောက်အအုံမီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၆၉ဦးအထိ မြင့်တက်လာခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီးသတ်ဌာနတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ရက်တွင်ပြောကြားခဲ့သည်။

ဒါကာမြို့ မီးသတ်နှင့် ပြည်သူ့ကာကွယ်ရေး ဌာန မှ အရာရှိတစ်ဦးဖြစ်သူ Mahfuz Riven က ယခုအချိန်အထိ လူ ၆၉ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒါကာမြို့ရှိ လူနေထူထပ်သော Chawkbazar လူနေဧရိယာ တွင် ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၁နာရီဝန်းကျင်တွင် ဓါတ်ငွေ့အိုးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် နေအိမ် ၅လုံးမှ ၆လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးသတ်နှင့် ပြည်သူ့ကာကွယ်ရေး ဌာနမှ မီးသတ်ယာဉ် ၃၇စီး ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် စနစ်တကျတည်ဆောက်ထားခြင်းမရှိသော အဆောက်အအုံများသည် အမျိုးမျိုးသော မတော်တဆမှုများ၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။

ယခု မီးလောင်ကျွမ်းမှုသည် ၂၀၁၀ခုနှစ်တွင် ဒါကာမြို့၌ အနည်းဆုံး လူ ၁၂၄ဦးသေဆုံးခဲ့သည့် မီးလောင်မှုအပြီး ဒုတိယမြောက် အကြီးမားဆုံး မီးလောင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.