Connect with us

Asia

ပါကစ္စတန်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေ၊ ၄ဦး ဒဏ်ရာရရှိ

ပါကစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ် Rawalpindi မြို့ ၌ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် အမည်မသိသေနတ်သမားတစ်ဦး က သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် လူ ၂ဦး မောင်းနှင်လာသော သံသယဖြစ်ဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရေးဂိတ်တစ်ခု၌ ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်မှ လူများသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသော ရဲတပ်ဖွဲ့ဝင်များကို နီးစပ်ရာဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။သေနတ်ဖြစ်ပွားမှုအပြီး အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင် အရေအတွက်များစွာ ရောက်ရှိလာပြီး တရားခံကို ဖမ်းဆီးနိုင်ရန် နီးစပ်ရာ ဧရိယာများတွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။ (Xinhua)