Connect with us

Asia

မြောက်ကိုရီးယား အမျိုးသား သေဆုံးမှုတွင် သံသယရှိသူ အမျိုးသမီး နှစ်ဦးကို မလေးရှားနိုင်ငံ၌ အောက်တိုဘာလတွင် အမှုစစ်ဆေးမည်

မြောက်ကိုရီးယား အမျိုးသား သေဆုံးမှုတွင် သံသယရှိသူ အမျိုးသမီး နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆာဟာအလမ်၊ မလေးရှား၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ လေဆိပ်တွင် ဖေဖော်ဝါရီလက သေဆုံးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသား အမျိုးသား တစ်ဦး သေဆုံးမှုပြီးနောက် ဖမ်းဆီးခံရသည့် သံသယရှိသူ အမျိုးသမီး နှစ်ဦးအား အောက်တိုဘာလတွင် အမှု စတင် စစ်ဆေးမည်ဖြစ်ကြောင်း မလေးရှား တရားရုံးက ဇူလိုင်လ ၂၈ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

Shah Alam အထက်တရားရုံး တရားသူကြီး Azmi Ariffin က အောက်တိုဘာလ ၂ ရက်မှ နိုဝင်ဘာလကုန်အထိ ရက်ပေါင်း ၂၀ ကျော်ကြာ အမှု စစ်ဆေးသွားမည် ဖြစ်သည်။

အဆိုပါ သံသယရှိသူ အမျိုးသမီး နှစ်ဦးမှာ အင်ဒိုနီးရှားမှ Siti Aisyah နှင့် ဗီယက်နမ်မှ Doan Thi Huong တို့ဖြစ်ပြီး အောက်တရားရုံးများတွင် အမှု စစ်ဆေးပြီးနောက် ဇူလိုင်လ ၂၈ ရက်တွင် အထက်တရားရုံး ရှေ့မှောက် ရောက်ရှိလာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ထံမှ အခင်းဖြစ်ပွားစဉ်အတွင်း စောင့်ကြည့်ရုပ်မြင်မှတ်တမ်းအား လက်ခံရရှိပြီး ဖြစ်ကြောင်း အမှုအား ချေပမည့် ရှေ့နေများက ပြောသည်။

အဆိုပါ သံသယရှိခံထားသော အမျိုးသမီး နှစ်ဦးသည် ဖေဖော်ဝါရီလ ၁၃ ရက်က မြောက်ကိုရီးယား အမျိုးသား တစ်ဦး ကွာလာလမ်ပူလေဆိပ်တွင် အာရုံကြောဆိုင်ရာ အဆိပ်ငွေ့ဖြင့် အသတ်ခံရမှုအတွက် စွပ်စွဲခံထားရသူများ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.