Connect with us

Asia

ရေတပ်အတွက် ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်းအသစ်များတပ်ဆင်ပေးရန် အဆိုပြုချက်အား အိန္ဒိယအစိုးရသဘောတူ

အိန္ဒိယနိုင်ငံ ရေတပ်စစ်သင်္ဘောတစ်စင်းပေါ်မှ ဒုံးကျည်ပစ်လွှတ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အစိုးရသည် တိုင်းပြည်၏ ရေတပ်စွမ်းပကားကို အဆင့်မြှင့်တင်ရန်အတွက် စစ်သင်္ဘောများပေါ်တွင် ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အသစ်များ တပ်ဆင်ခြင်းကို သဘောတူ အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် AIR ရေဒီယိုက ဧပြီလ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၃၃ သန်း တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းဝယ်ယူရေးအဆိုပြုချက်ကို ဧပြီလ ၃ ရက် ညနေပိုင်းတွင် နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Arun Jaitley က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ကောင်စီ ( DAC) က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်လက်နက်များကို အစ္စရေးနိုင်ငံ Rafael ခေတ်မီကာကွယ်ရေးစနစ်များ တပ်ဆင်ရေးဌာနမှ ဝယ်ယူသွားမည်ဖြစ်ပြီး ခန့်မှန်းခြေ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၇၇သန်း ခန့်တန်ဖိုးရှိကြောင်း နှင့် “ buy global ” လက်အောက်ခံ စည်းမျဉ်းစည်းကမ်းများအတိုင်း ဒုံးကျည်များကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ အသံလွှင့်ဌာနက သတင်းဖော်ပြခဲ့သည်။

DAC ကောင်စီသည် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အဆင့်မြင့်ဆုံး ဆုံးဖြတ်ချနိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.