Connect with us

Asia

လိပ်ကျွန်းအမှု အယူခံ ဧပြီလ ၂၂ ရက်နေ့အထိ ရက်တိုးခွင့်ပြု

အယူခံဝင်ရန် ရက်တိုးခွင့်ပြုသည့်စာအား တွေ့ရစဉ် (ဓာတ်ပုံ- Hmuu Zaw Facebook)

ရန်ကုန်၊မတ်၂၁ ရက် (ဆင်ဟွာ)

လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းလူသတ်မှုအတွက် စွပ်စွဲခံရကာ ထိုင်းနိုင်ငံတွင် သေဒဏ်အပြစ်ပေးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သော ဝင်းနှင့်ဇော်အတွက် အယူခံ တင်သွင်းရမည့်အချိန်ကို မူလက မတ်လ ၂၄ ရက်နေ့ နောက်ဆုံးထား တင်ပြရန် ခွင့်ပြုထားခဲ့ကြောင်း၊ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများမှ ရက် တိုးမြှင့် သတ်မှတ်ပေးရန် တင်ပြခဲ့ရာ သက်ဆိုင်ရာ တရားရုံးက ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။

လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများအနေဖြင့် အယူခံ အတွက် ပြည့်ပြည့်စုံစုံ ပြင်ဆင်ပြီးဖြစ်သော်လည်း၊ တရားရုံးသို့ ထပ်မံပြီး ရက်တိုးတောင်းခဲ့ရာတွင် တရားရုံး၏ ရက်တိုးမြှင့် ခွင့်ပြုပေးချက်အရ အယူခံကို ၂၀၁၆ ခုနှစ် ဧပြီလ ( ၂၂) ရက်နေ့ နောက်ဆုံး တင်သွင်းရမည် ဖြစ်ပြီး၊ ရက်များများ ရရှိလေ ပြင်ဆင်ချိန် ကောင်းကောင်း ရရှိလေ ဖြစ်ကာ မိမိဘက်က အခိုင်မာဆုံး အထောက်အထားများ နှင့် အယူခံ တင်ပြနိုင် ရန်အတွက် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.