Connect with us

Asia

အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ညီလာခံကို ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့ မှ ဇွန်လ ၁ ရက် အထိ Gyeongju တွင်ကျင်းပပြုလုပ်မည်

UNDP လိုဂိုတံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-UNDP)

ရန်ကုန်၊မတ်၂၁ ရက် (ဆင်ဟွာ)

UNDP ပြည်သူ့သတင်းအချက်အလက်ဌာနအနေဖြင့် (၆၆) ကြိမ်မြောက် ပြည်သူ့သတင်းအချက်အလက် ဌာန (DPI) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ညီလာခံကို ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့ မှ ဇွန်လ ၁ ရက် အထိ Gyeongju တွင်ကျင်းပပြုလုပ်ရန် ကိုရီးယား သမ္မတ နိုင်ငံမှ အတည်ပြုပြီး ဖြစ် ကြောင်း UNDP မှ သတင်းထုတ်ပြန်သည်။

NGO/DPI စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ၊ NGOအသိုင်းအဝိုင်း၊ ကိုရီးယားသမ္မတ နိုင်ငံအစိုးရ နှင့် ကိုရီးယားနိုင်ငံလုံးဆိုင်ရာစည်းရုံးရေးကော်မတီ တို့ ပူးပေါင်းပါဝင်ဖွဲ့စည်းပြီး “Education for Global Citizenship: Achieving the Sustainable Development Goals Together” ခေါင်းစဉ်ဖြင့် ကျင်းပ သွားမည်ဖြစ်သည်။ ယခုညီလာခံသည် အာရှတွင် ပထမဦးဆုံး စတင်ကျင်းပသော DPI/NGO ညီလာခံ ဖြစ်သည်။

ဤ ညီလာခံမှ အကောင်းဆုံးသော အခွင့်အလမ်းများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး အရပ်ဖက် အစိုးရမဟုတ် သောအသင်းအဖွဲ့များအနေဖြင့်သံတမန်များ၊ကုလသမဂ္ဂအရာရှိများ၊ မှုဝါဒဆိုင်ရာကျွမ်းကျင်သူများ၊သိပ္ပံပညာရှင်များ၊ ပညာရေးဆရာဆရာမများ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းများ၊ ပါလီမန် အမတ်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများ ကိုတွေ့ဆုံပြီးယခုနှစ်အတွက်အရေးကြီးသောအကြောင်းအရာများနှင့်ဆက်စပ်ပြီး ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.