Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား ၆.၁ အဆင့်ရှိငလျင်လှုပ်ခတ်မှုတွင် သေဆုံးသူ ၈ ဦးထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Malang ခရိုင်တွင် ဧပြီ ၁၀ ရက်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အရှေ့ဂျာဗားပြည်နယ်တွင် ဧပြီ ၁၀ ရက်အစောပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးထိရှိလာပြီး အခြား ၃၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမခံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ Raditya Jati က Lumajang ၊ Malang ၊ Blitar ၊ Jember ၊ Trenggalek နှင့် Blitar အပါအဝင် ခရိုင်များစွာတွင် လူနေအိမ်များ ပြိုကျပျက်စီးသွားကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Malang ခရိုင်တွင် ဧပြီ ၁၀ ရက်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Malang ခရိုင်တွင် ဧပြီ ၁၀ ရက်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်တွင် ဧပြီ ၁၀ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်ဒဏ်ခံစားရသည့် ဒေသခံပြည်သူများ ယာယီခိုလှုံရေးစခန်းများတွင် ပြောင်းရွှေ့ခိုလှုံနေကြစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Malang ခရိုင်တွင် ဧပြီ ၁၀ ရက်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကျန်းမာရေးဌာနအဆောက်အအုံများ ၊ ကျောင်းများ ၊ ဗလီများ နှင့် ရုံးအဆောက်အအုံများ အပါအဝင် ရာနှင့်ချီသော အဆောက်အအုံများလည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘေးဒဏ်သင့်ပြည်သူများအတွက် ခိုလှုံစရာနေရာများနှင့် သယ်ယူပို့ဆောင်ရေး အစီအစဉ်များကို စီစဉ်လုပ်ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်များက ဆန် ၊ အသင့်စားအစားအစာများ နှင့် ခေါက်ဆွဲ‌ခြောက်ကဲ့သို့သော စားသောက်ကုန်စည်များ အပါအဝင် စောင်၊ခြင်ထောင် နှင့် ရွက်ဖျင်တဲများပါ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ Malang ခရိုင် Kepanjen မြို့မှ တောင်ဘက် ၉၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ ဧပြီ ၁၀ ရက် ဂျကာတာစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခုသည် ပင်လယ်ကြမ်းပြင်အောက် အနက် ၈၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း အေဂျင်စီက ဆိုသည်။ (Xinhua)
————————————
(English Version)
8 dead from Indonesia’s 6.1-magnitude earthquake
JAKARTA, April 12 (Xinhua) — Eight people were killed and 39 injured as the 6.1-magnitude quake struck off Indonesia’s western province of East Java a day earlier, the National Disaster Management Agency said on Sunday.
The agency’s spokesman Raditya Jati said 1,189 houses were destroyed in several districts including Lumajang, Malang, Blitar, Jember, Trenggalek and Blitar.

Hundreds of such public buildings as health centers, education facilities, places of worship and office buildings were also damaged, the spokesman said.
Shelters for the evacuees and logistics facilities have been established.
Food including rice, fast food and noodles as well as blankets and tarpaulins have been distributed by the provincial administration.
The 6.1-magnitude quake hit at 2 p.m. Jakarta time (0700 GMT) on Saturday with the epicenter at 96 km south of Kepanjen town of Malang district and the depth at 80 km under the seabed, according to the agency.

(1,2) Members of search and rescue team are seen near damaged houses after a 6.1 magnitude quake hit Majang Tengah village in Malang, East Java, Indonesia, April 11, 2021. (Photo by Bayu Novanta/Xinhua)
(4) People take a rest in a temporary shelter after a 6.1 magnitude quake hit Kali Uling village in Lumajang, East Java, Indonesia, April 11, 2021. (Photo by Kurniawan/Xinhua)