Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ တွင် ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးသူ ၄၃ဦးအထိ တိုးလာ

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှု တစ်ခု အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇွန် ၂၀ ရက်

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ဇွန်လ ၂၀ ရက်တွင် ၄၃ဦးအထိ မြင့်တက်လာခဲ့ပြီး အခြား ၁၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးဝန်ထမ်း ရာပေါင်းများစွာသည် ပျောက်ဆုံးနေသူများ ရှာဖွေရေးလုပ်ငန်းအား ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Veri က ဆင်ဟွာသို့ပြောသည်။
၎င်းက ရေကြီး၊ မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို လက်ရှိတွင် ခန့်မှန်းတွက်ချက်နေဆဲဖြစ်ကြောင်း ပြောသည်။
အေဂျင်စီက ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၁၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရာပေါင်းများစွာ ထိခိုက် ပျက်စီးခဲ့ကြောင်း အစောပိုင်းကာလများတွင် ပြောကြားခဲ့သည်။ Purworejo၊ Banjarnegara ၊ Kebumen နှင့် Sutopo Purwo Nugroho ခရိုင် တို့ရှိ ဧရိယာများတွင် ရေကြီး၊ မြေပြိုမှု အများဆုံးဖြစ်ခဲ့ပြီး လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည့် ခရိုင်များလည်း ဖြစ်ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆိုသည်။
ဇွန်လ ၁၈ ရက်တွင် နာရီများစွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် များကို နိုင်ငံအတွင်းရှိ ခရိုင် နှင့် မြို့ ၁၆ ခု တို့က ခံစားခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.