Connect with us

Asia

ဗြိတိန်နိုင်ငံအား အီးယူတွင် ဆက်လက်ရှိနေစေလိုကြောင်း အိန္ဒိယပြော

အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ဝန်ကြီး Sushma Swaraj အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ကြီး အတွက် ဝင်ပေါက်တစ်ခု ဖြစ်နေကြာင်းနှင့် အင်္ဂလန် အစိုးရအနေဖြင့် အီးယူမှ ထွက်ခွာခြင်း မပြုစေလိုကြောင်း အိန္ဒိယနိုင်ငံက ဇွန်လ ၂ဝ ရက်တွင် ပြောဆို လိုက်သည်။

“ ဗြိတိန်နိုင်ငံဟာ အီးယူရဲ့ဝင်ပေါက် ဂိတ်ဝကြီး တစ်ခုဆိုပြီး အရင်တုန်းက ကျနော်တို့ အဲဒီလိုပဲ အမြဲ လက်ခံ ထားခဲ့တယ် ” ဟု အိန္ဒိယ ပြည်ပရေး ရာဝန်ကြီးဌာန ဝန်ကြီး Sushma Swaraj က ဆိုသည်။
ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ထွက်ခွာခြင်းဆိုင်ရာ လူထုဆန္ဒ ခံယူပွဲကို ဇွန်လ ၂၃ ရက်တွင် ကျင်းပရန် ရှိနေပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ အစိုးရသည် နယူးဒေလီမြို့၌ ဇွန်လ ၁၉ ရက်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည်။သို့သော် ဗြိတိန်နိုင်ငံ အနေဖြင့် ထွက်ခွာခြင်း၊ မထွက်ခွာခြင်းကို ၎င်းတို့ဘာသာ အပြီးသတ် ဆုံးဖြတ်ရမည် ဖြစ်ကြောင်းနှင့် အိန္ဒိယအစိုးရ အနေဖြင့် ၎င်းဖြစ်စဉ် အတွက် ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း Sushma က ပြောကြားသည်။
“ ဆက်နေခြင်း၊ မနေခြင်းကို ဗြိတိန်ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာပါ။ နိုင်ငံရဲ့အကျိုးစီးပွား အတွက် ဆုံးဖြတ်ရမယ် ဆိုတဲ့ အသိကို သူတို့အတွေးထဲမှာ ထည့်ထားရမယ်။ အိန္ဒိယကတော့ ဘာမှ ဝင်ပြောလို့မရပါဘူး” ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.