Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် ၅.၉ ပမာဏရှိသော ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အင်ဒိုရီးရှားနိုင်ငံ အလယ်ပိုင်းရှိ Sulawesi ပြည်နယ်၌ ပမာဏ ၅.၉ ရှိသော မြေအောက်ငလျင်တစ်ခု စက်တင်ဘာ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂း၀၀ နာရီက Sulawesi ပြည်နယ် Donggala ၏ အနောက်မြောက် ၈ ကီလိုမီတာအကွာတွင် မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်း တာဝန်ရှိသူ Fauzi က ပြောကြားခဲ့သည်။

“ဒီငလျင်က Donggala မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းဆုံးအဖြစ် MMI (Modofied Mercall Intensity) အဆင့် ၄ အဖြစ် သတ်မှတ်ခဲ့တယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ငလျင်ကြောင့် ပျက်စီးမှုများနှင့် လူသေဆုံးမှုသတင်းများ တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အင်ဒိုနီးရှားနိုင်ငံသည် “the Pacific Ring of Fire” အဖြစ် လူသိများသော ငလျင်လှုပ်ခတ်မှု အများဆုံးဒေသပေါ်တွင် ကျရောက်နေသဖြင့် မကြာခဏ ငလျင်လှုပ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.