Connect with us

Asia

အိန္ဒိယလေတပ် ဒုတိယအကြီးအကဲ မိမိကိုယ်ကို သေနတ်ဖြင့် မတော်တဆပစ်ခတ်မိ

အိန္ဒိယနိုင်ငံ လေတပ်တပ်ဖွဲ့(IAF) ဒုတိယ ဦးစီးချုပ် Shirish Baban Deo အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ လေတပ်တပ်ဖွဲ့(IAF) ဒုတိယ ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး Shirish Baban Deo သည် တစ်နေ့တာဝန်ပြီးဆုံးပြီးနောက် ၎င်း၏ တရားဝင်လက်နက်အား သိမ်းဆည်းနေစဉ် ၎င်း၏ ပေါင်ကို မတော်တဆ ပစ်ခတ်မိခဲ့ကြောင်း မီဒီယာများက စက်တင်ဘာ ၂၇ ရက်တွင်ဖော်ပြခဲ့သည်။

၎င်းအား ဆေးကုသမှုပေးထားပြီး ယခုအခါ အခြေအနေကောင်းမွန်လာကာ အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်းသိရသည်။

Deo အား ဒေလီမြို့ရှိ စစ်ဆေးရုံသို့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် အလျင်အမြန်ပို့ဆောင်ပေးခဲ့ကာ ၎င်း၏ ပေါင်ရိုးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များအရ သိရသည်။

Deo သည် အိန္ဒိယနိုင်ငံ လေတပ်တပ်ဖွဲ့(IAF) ၏ ဒုတိယ ဦးစီးချုပ် အဖြစ် ဇူလိုင်လတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.