Connect with us

Asia

အင်ဒိုနီးရှား ဂျာကာတာမြို့တော် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ မြင့်တက်

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဂျာကာတာမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့လယ်တွင် အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများကြောင့် အသေခံ ဗုံးဖောက်ခွဲသူ နှစ်ဦး အပါအဝင် လူ ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦးရှိကြောင်း ဂျာကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ M. Iqbal ကပြောသည်။

ဂျာကာတာ မြို့လယ်ရှိ Sarinah ဈေးဝယ်စင်တာ အနီးရှိ Starbuck ကော်ဖီဆိုင် အပြင်ဘက်တွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု အနည်းဆုံး ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် ကုလသမဂ္ဂ ရုံး အဆောက်အအုံ နှင့် နီးကပ်သလို လူသွားလာမှုများသည့် နေရာလည်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရာနေရာအနီးရှိ ရဲရုံနေရာကိုတွေ့ရစဉ် (ဆင်ဟွာ)

ထို အကြမ်းဖက် တိုက်ခိုက်မှု၊ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံများ၏ ခေါင်းဆောင်များ ကလည်း ဝိုင်းဝန်း ရှုတ်ချထားပြီး အကြမ်းဖက်မှုများအား အတူတကွ တိုက်ဖျက်သွားမည်ဖြစ်သလို လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.