Connect with us

Asia

အိန္ဒိယ မှ ကမ္ဘာ့ပထမဆုံး ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကလေးငယ် တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ခြင်မှ တစ်ဆင့် ကူးစက်နိုင်သည့် ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ကမ္ဘာ့ပထမဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ လ၃ရက်နေ့က ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad အခြေစိုက် Biotech International Limited ကုမ္ပဏီက အဆိုပါ ဇီကာ ဗိုင်းရပ်ကာကွယ်ဆေး မူပိုင်ခွင့်အတွက် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် ဇီကာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး နှစ်မျိုးကို လူနှင့်တိရစ္ဆာန် များတွင် စမ်းသပ်လုပ်ဆောင်နိုင်ရန် အိန္ဒိယအစိုးရ ထံမှ အကူအညီ များရယူခဲ့ပြီး ယင်းကာကွယ်ဆေးရရှိရန် ကုမ္ပဏီ၏ သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်ပိုး အရှင်ကို အသုံးပြု၍ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဇီကာဗိုင်းရပ်စ်အား နိုင်ငံတကာ လူထု ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တစ်ရက်အကြာတွင် ကုမ္ပဏီသည် ယင်းကာကွယ်ဆေး အကြောင်းကို ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် ဦးနှောက်ဖွံ့ဖြိုးမှုနည်းပါးသည့် ရောဂါများနှင့် ဆက်စပ်လျက်ရှိကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကလေးငယ်များသည် သာမာန်ထက် ဦးခေါင်းသေးငယ်စွာ ဖွံ့ဖြိုးမှု နည်းသည့် အခြေအနေဖြင့် မွေးဖွားလာတတ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် အောက်တိုဘာလမှ စ၍ အဆိုပါ ရောဂါဖြစ်ပွားသူ ၄၀၀၀ ပတ်ဝန်းကျင် ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိသေးသော်လည်း အစိုးရသည် ကာကွယ်ဆေးအား နမူနာများစွာ ဖြင့် စမ်းသပ်စစ်ဆေးရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.