Connect with us

Asia

အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၄ ဦးကို မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ Tanjung Priok ဆိပ်ကမ်းတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ထိန်းချုပ်စခန်းတွင် ရှာဖွေရေးလုပ်ငန်းစဉ်အတွင်း တွေ့ရှိခဲ့သော Sriwijaya Air လေယာဉ်၏ အပျက်အစီးများကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့်ရက်များက ဖြစ်ပွားခဲ့သည့် Sriwijaya Air လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုတွင် ပါဝင်သွားသူ ၄ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ သဘာဝဘေးဆုံးရှုံးနစ်နာသူများအား ခွဲခြားသိရှိနိုင်ရေး (DVI) အဖွဲ့က မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားနိုင်ခဲ့ကြောင်း သိရသည်။

“ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီအထိ ရုပ်အလောင်းလေးခုရဲ့ နာမည်တွေကို ဖော်ထုတ်နိုင်ခဲ့ပါပြီ” ဟု အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Rusdi Hartono က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ DVI အဖွဲ့အနေဖြင့် DNA နမူနာပေါင်း ၁၁၂ ခု လက်ခံရရှိခဲ့ကြောင်း၊ ရုပ်အလောင်းအစိတ်အပိုင်းများ ပါဝင်သောအိတ် ၁၃၇ အိတ်နှင့် ပစ္စည်းထည့်အိတ် ၃၅ လုံး ဆယ်ယူရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အဖွဲ့အနေနဲ့ နောက်ပိုင်းမှာ ဒီအိတ်တွေကို စစ်ဆေးသွားမှာပါ” ဟု Hartono ၏ ပြောကြားချက်ကို ကိုးကား၍ Antara သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
Sriwijaya Air လေကြောင်းပိုင် ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်သည် ဇန်နဝါရီ ၉ ရက်က ခရီးသည် ၆၂ ဦးကို တင်ဆောင်သွားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ ပြင်ပ ပင်လယ်ပြင်အတွင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)
—————————————
(English Version)

Police identify 4 victims of Indonesia’s plane crash

JAKARTA, Jan. 13 (Xinhua) — Indonesian police’s Disaster Victim Identification (DVI) team has identified four people killed in the Sriwijaya Air plane crash days ago.
“As of Wednesday at 9 a.m., the team has succeeded in identifying four bodies in the names of … ” Indonesian National Police spokesman Rusdi Hartono said here Wednesday.
The police DVI team has also received 112 DNA samples, he said, adding that up to now 137 body bags and 35 property bags have been recovered.
“The team will then identify these bags,” Hartono said as quoted by the Antara news agency.
On Jan. 9, a Sriwijaya Air Boeing 737-500 plane with 62 people aboard lost contact minutes after takeoff and crashed into waters off the coast of Indonesia’s capital Jakarta. Enditem
1- Indonesia’s National Transportation Safety Committee display the debris of the Sriwijaya Air plane found during the search at the Search and Rescue Command center at Tanjung Priok Port in Jakarta, Indonesia, on Jan. 11, 2021. (Xinhua/Veri Sanovri)