Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံသမ္မတ က တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတ ရှိ သမ္မတအိမ်တော် တွင် ဇန်နဝါရီ ၁၃ ရက် ၌ အင်းဒိုးနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို မှ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခံနေစဉ်(ဓာတ်ပုံ-အင်ဒိုနီးရှားနိုင်ငံ သမ္မတ အိမ်တော်)

ဂျကာတာ ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီဒိုဒိုသည် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဂျကာတာရှိ သမ္မတအိမ်တော် ၌ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီး ၎င်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူသူဖြစ်လာခဲ့ ကြောင်းသိရသည်။

သမ္မတဝီဒိုဒိုသည် ကာကွယ်ဆေး ထိုးနှံမှုခံယူပုံအဆင့်ဆင့်ကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး သမ္မတ၏ ဆေးအဖွဲ့မှ ဆရာဝန်တစ်ဦးက COVID-19 ရောဂါ ကာကွယ်ဆေးပုလင်းကို ထုတ်ယူပြသပြီးနောက် သမ္မတ ၏ လက်ဝဲဘက် လက်မောင်းသားအတွင်းသို့ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

 အင်ဒိုနီးရှားနိုင်ငံ ဂျာကာတ ရှိ သမ္မတအိမ်တော် တွင် ဇန်နဝါရီ ၁၃ ရက် ၌ အင်းဒိုးနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(အလယ်) မှ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေစဉ်(ဓာတ်ပုံ-အင်ဒိုနီးရှားနိုင်ငံ သမ္မတ အိမ်တော်)

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတ ရှိ သမ္မတအိမ်တော် တွင် ဇန်နဝါရီ ၁၃ ရက် ၌ အင်းဒိုးနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို မှ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခံနေစဉ်(ဓာတ်ပုံ-အင်ဒိုနီးရှားနိုင်ငံ သမ္မတ အိမ်တော်)

ကာကွယ်ဆေးမထိုးမီ အင်ဒိုနီးရှားနိုင်ငံ သမ္မတ၏ ဆေးဘက်ဆိုင်ရာအဖွဲ့က သမ္မတအား ကျန်းမာရေး မှတ်တမ်း နှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက်တွင် ကာကွယ်ဆေး ထိုးပေးခဲ့ခြင်းဖြစ်ကာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ကိုလည်း သမ္မတ အား ပေးအပ်ခဲ့သည်။ ၁၄ ရက်ကြာပြီးနောက်တွင် ယင်းကာကွယ်ဆေး ထိုးထားသောလက်မှတ်ကို ပြ၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူရအုံးမည်ဖြစ်သည်။

ယင်းနေ့တွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ အပြင် အင်ဒိုနီးရှားနိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ ၊ ပြည်သူ့စစ်တပ်မှူး နှင့် အမျိုးသားရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှူးများကလည်း တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတသည် ယခုလ ၇ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းသည် တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေးအား ပထမဆုံး ထိုးနှံမှုခံယူသွားမည်ဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ခြင်းမှာ ပြည်သူများအားလုံး ယင်းကာကွယ်ဆေး၏ လုံခြုံမှုအပေါ် ယုံကြည်ကြစေရန် ရည်ရွယ် ကြောင်း ရေးသားဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဆေးဝါး နှင့် စားသောက်ကုန် ဦးစီးဌာန က ဇွန်လ ၁၁ ရက် ၌ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးသည် အင်ဒိုနီးရှားနိုင်ငံတွင် တတိယအဆင့် လူ၌ လက်တွေ့စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ထိရောက်မှု အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားသည့် အခြေခံ စံနှုန်း ၅၀ ရာခိုင်နှုန်းအထက် ကျော်လွန်သောကြောင့် ယင်းကာကွယ်ဆေး အား အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ယခုအပတ်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား စတင်မည် ဖြစ်ပြီး တစ်ဆင့်ခြင်းစီဖြင့် ပြည်သူအားလုံး ကို အခမဲ့ ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သည်။ ကာကွယ်ဆေးဦးစားပေးထိုးနှံခံရမည့်သူများထဲတွင် တစ်နိုင်ငံလုံး ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁.၃ သန်း ဖြစ်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံအစိုးရ အနေဖြင့် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတွင် ကိုယ်ခံအားစနစ် တည်ဆောက်ကာ COVID-19 ရောဂါ ပျံ့နှံ့မှု ကို ဖြတ်တောက်သွားလိုကြောင်း သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Budi Gunadi Sadikin က အစိုးရ အနေဖြင့် ၁၅ လ အတွင်း အင်ဒိုနီးရှားပြည်သူ ၁၈၁ သန်း ကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်တားဆီး ဌာန ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံအတွင်း၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၀,၀၄၇ ဦးရှိခဲ့ပြီး ၇ ရက်ဆက်တိုက် တစ်ရက်လျင်ထပ်မံကူးစက်ခံရသူ ၈ ထောင် အထက် ရှိခဲ့ကြောင်း ၊ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၄၆,၇၆၅ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄,၆၄၅ ဦးရှိကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)

(国际疫情)印尼总统佐科接种中国新冠疫苗
  新华社雅加达1月13日电印度尼西亚总统佐科13日上午在雅加达总统府接种了中国科兴公司的克尔来福新冠疫苗,他是印尼国内接种新冠疫苗第一人。
  佐科通过电视直播展示了自己接种疫苗的过程。总统医生团队成员对着直播镜头展示了疫苗包装盒,随后在佐科的左臂上注射了新冠疫苗。
  在接种疫苗前,总统医生团队还进行了病历核实和身体健康指标检查等;完成接种之后,佐科被颁发疫苗注射证书。14天后,他将凭证书接种第二剂疫苗。
  当天,印尼部分内阁部长、国民军司令和国家警察总局局长也接种了克尔来福新冠疫苗。
  佐科本月7日在个人社交媒体账号上曾表示,自己要第一个接种克尔来福新冠疫苗,是为了让所有人都相信这款疫苗是安全的。
  印尼药品食品监督管理局本月11日宣布,克尔来福新冠疫苗已在印尼万隆市完成了Ⅲ期临床试验,有效性高于世界卫生组织规定的50%门槛,给予这款疫苗紧急使用许可。
  印尼从本周起在全国启动新冠疫苗接种,将分阶段为全民免费接种疫苗,优先接种人员为全国130万名医卫工作者。印尼政府希望通过大规模接种疫苗,在人群中逐步建立起免疫屏障,来阻断新冠病毒的传播。印尼卫生部长布迪•古纳迪说,政府计划在15个月内为1.81亿印尼民众接种新冠疫苗。
  印尼国家抗灾署12日发布的疫情数据显示,该国过去24小时新增新冠确诊病例10047例,连续7天单日新增高于8000例,累计确诊846765例,累计死亡24645例。(完)

Photo
8月26日,在印度尼西亚雅加达,印度尼西亚总统佐科出席在总统府举行的发布会时发言。 新华社发(祖卡南摄)