Connect with us

Asia

အင်ဒိုနီးရှား လှေတိမ်းမှောက်မှု တွင် ရုပ်အလောင်း ၆ လောင်း ထပ်မံ ဆယ်ယူရရှိခဲ့ပြီး ကျန် ပျောက်ဆုံးသူ ၅၈ ဦး အား ဆက်လက် ရှာဖွေ

အင်ဒိုနီးရှား လှေတိမ်းမှောက်မှုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဒီဇင်ဘာ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား အရှေ့ပိုင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က လှေတိမ်းမှောက်ခဲ့မှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရုပ်အလောင်း ၆ လောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ပျောက်ဆုံးနေသူ ၅၈ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း Sulawesi ပြည်နယ် ပင်လယ်ကွေ့၌ နစ်မြှုပ်ခဲ့သည့် အဆိုပါ လှေ မှ လူပေါင်း ၄၀ အား ကယ်ဆယ်နိုင်ခဲ့ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံး မှ ပြောရေးဆိုခွင့်ရှိသူ Zainul Tjahar ကပြောသည်။

Zainul က “လူပေါင်း ၆၀ ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၎င်းတို့ထဲက အယောက် ၂၀ ကတော့ သေဆုံးသွားပါတယ်” ဟု ပြောကြားခဲ့သည်။

၎င်းမှ ဆက်၍ ရှာဖွေရေးလုပ်ငန်းအား လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သင်္ဘောများ နှင့် လှေများ အသုံးပြုပြီး အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

တိမ်းမှောက်သွားခဲ့သော KM Marina Baru 02B လှေသည် Sulawesi အရှေ့တောင်ဘက် ကိုလာကာမြို့မှ Sulawesi တောင်ဘက် Siwa ပင်လယ်ဆိပ်ကမ်းမြို့သို့ သွားရောက်နေစဉ် ဒေသစံတော်ချိန် ၃ နာရီ ၁၀ မိနစ် ၌ ပျောက်ဆုံးသွားသည်ဟု သိရှိရကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117