Connect with us

Asia

မြောက်ကိုရီးယား၏ နျူ စမ်းသပ်မှုပြုပြီးနောက် အမေရိကန် B-1B ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယားသို့ စေလွှတ်

B-1B ဗုံးကြဲလေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ လတ်တလော နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက နျူကလီယား လက်နက် သယ်ဆောင်နိုင်စွမ်းရှိပြီး အသံထက်မြန်သော ဗုံးကြဲလေယာဉ် နှစ်စင်းအား တောင်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၂ ရက် စေလွှတ်ခဲ့ကြောင်း သိရသည်။

နျူလက်နက်များ သယ်ဆောင်နိုင်သည့် အဆိုပါ ဗုံးကြဲလေယာဉ် B-1B နှစ်စင်းသည် တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှ ကီလိုမီတာ ၇၀ အကွာရှိ Pyeongtaek လေတပ် အခြေစိုက် စခန်းသို့ ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ရေးသားထားသည်။
အဆိုပါ ဗုံးကြဲလေယာဉ် တစ်စင်းအား တောင်ကိုရီးယား F-15 တိုက်ခိုက်ရေး ဂျက်လေယာဉ် လေးစင်းမှ ဝန်းရံ၍ လည်းကောင်း၊ အခြား တစ်စင်းအား အမေရိကန် F-16 တိုက်ခိုက်ရေး လေယာဉ် လေးစင်းမှ လည်းကောင်း အသီးသီး ဝန်းရံလျက် လေတပ် အခြေစိုက်စခန်းသို့ ဆင်းသက်ခဲ့သည်။ အဆိုပါ မြန်နှုန်းမြင့် ဗုံးကြဲလေယာဉ်များအား Guam ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းမှ ပျံသန်း ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ အဆိုအရ Guam နယ်မြေရှိ အန်ဒါဆန် အခြေစိုက် စခန်းသို့ B-1B ဗုံးကြဲလေယာဉ် များစွာကို သြဂုတ်လ အစောပိုင်းကတည်းက ရှေ့ပြေး တပ်ဖြန့်ပြီး ဖြစ်ကြောင်း သိရသည်။
ကိုရီးယား နယ်စပ်အတွင်း အနီးရှိ တောင်ကိုရီးယား ပိုင်နက် အပေါ် လေကြောင်း ပျံသန်းမှုများသည် နျူကလီးယား စမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား၏ ကြေညာမှုအပြီး လေးရက်မြောက်နေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။
မြောက်ကိုရီးယား စစ်တပ်သည် ၁၀ ကီလိုတန်ရှိသော ပေါက်ကွဲအားအပြင်းဆုံး နျူ စမ်းသပ်မှုအား လုပ်ဆောင်ခဲ့ပြီး ယခင် စမ်းသပ်မှုထက် ၆ ကီလိုတန် ပိုကြီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.