Connect with us

Asia

အိန္ဒိယဆရာဝန်များက အမျိုးသား တစ်ဦး၏ အစာအိမ်ထဲက ဓါးအချောင်း ၄၀ ခွဲစိတ်ထုတ်ယူ

အိန္ဒိယအမျိုးသား၏ အစာအိမ်အတွင်းမှ ခွဲထုတ်ခဲ့သည့် ဓါးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မှ ဆရာဝန်များသည် လွန်ခဲ့သော သုံးလက ဓါးများမြိုချခဲ့သည့် အမျိုးသားတစ်ဦး၏ အစာအိမ်မှ ဓါးအချောင်း ၄၀ခန့်ကို ခွဲထုတ်ဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

ဒေါက်တာ Jatinder Malholtra ဦးဆောင်သော ဆရာဝန်အဖွဲ့သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် Amritsar မြို့ရှိ ဆေးရုံတစ်ခုတွင် အသက် ၄၂နှစ်အရွယ် အမျိုးသား တစ်ဦးအား ခွဲစိတ်ပေးခဲ့ရပြီး ၎င်း၏ အစာအိမ်အတွင်းမှ ဓါးများကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ကြောင်းသိရသည်။
ဒေါက်တာ Jatinder Malholtra က “လူနာက သူဓါးတွေမြိုချထားတာကို ကျွန်တော်တို့ကို မပြောပါဘူး။ အစာအိမ်နာတယ်ဆိုပြီး ဆေးရုံကို ရောက်လာတာပါ။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက်မှာတော့ သူ ဓါးတွေကို မြိုထားတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်” ဟု သြဂုတ် ၂၃ ရက်က မီဒီယာအား ပြောကြားခဲ့သည်။
“ခွဲစိတ်မှုဟာ ရှုပ်ထွေးတဲ့ အစီအစဉ်တစ်ခုဖြစ်ခဲ့ပေမယ့် အောင်အောင်မြင်မြင်ပဲ ခွဲစိတ်နိုင်ခဲ့ပါတယ်” ဟု ဆရာဝန်က ပြောကြားခဲ့သည်။
ပြည်တွင်း ရုပ်သံလိုင်းများ၏ ဖော်ပြချက်အရ အဆိုပါ အမျိုးသားသည် ခွဲစိတ်မှုမှ အသက်ရှင်နိုင်ခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။
ယင်းအမျိုးသားအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိ/မရှိ ကို ဆရာဝန်များက စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Malholtra က “သူ့ကို အကြံပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး သူကလည်း ဓါးတစ်ချောင်းတောင် ဘယ်တော့မှ မကိုင်တော့ပါဘူးလို့ ကျွန်တော်တို့ကို ကတိပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.