Connect with us

Asia

ဗီယက်နမ် တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ဦးအား သေဒဏ်ချမှတ်

ဗီယက်နမ်တွင် ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူတုံးများ နှင့်တရားခံအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်း စီးတီး၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဗီယက်နမ် တရားရုံး တစ်ခုက သြဂုတ် ၂၃ ရက်တွင် ဒေသခံ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ဦးကို သေဒဏ် နှင့် အခြား ၆ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။

ဟိုချီမင်းမြို့ပြည်သူ့တရားရုံးက အသက် ၂၉နှစ်အရွယ် Tran Tuan An နှင့် အသက် ၃၀နှစ် အရွယ် Le Ngyyen Hoang Anh တို့အား သေဒဏ် ချမှတ်ခဲ့ပြီး ဒေသခံ ၆ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ကာ အခြား တရားခံ ၆ဦးကိုမူ ထောင်ဒဏ် ၃နှစ်မှ အနှစ် ၂၀ အထိ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာ စွဲချက်များအရ ၂၀၁၃ခုနှစ် မတ်လ မှ ဇွန်လ အတွင်း တရားခံ ၁၄ဦးသည် အလေးချိန် ၇၀ကီလိုဂရမ်ကျော်ရှိသည့် ဘိန်းဖြူအတုံး ၂၁၃လုံးကို ပြည်နယ်နှင့် မြို့အချို့တွင် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဥပဒေအရ ဘိန်းဖြူ ၆၀၀ဂရမ်ကျော် (သို့) စိတ်ကြွရူးသွပ်ဆေး ၂.၅ကီလိုဂရမ်ကျော် မှောင်ခိုကူးသူများသည် သေဒဏ်ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘိန်းဖြူ ၁၀၀ ဂရမ် (သို့) အခြား တရားမဝင် မူးယစ်ဆေးဝါး အလေးချိန် ၃၀၀ဂရမ် အထိ ပြုလုပ်ခြင်း (သို့) ရောင်းဝယ်ခြင်း များပြုလုပ်ပါကလည်း သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.