Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်တွင် အများပြည်သူနေရာများ၌ အရက်သောက်ခွင့်ပိတ်ပင်မည်

အိန္ဒိယနိုင်ငံရှိ အရက်အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ် အစိုးရအဖွဲ့က အများပြည်သူဆိုင်ရာနေရာများ၌ အရက်သောက်သုံးခွင့်အား အောက်တိုဘာလတွင် စတင်ပိတ်ပင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လှပသော ကမ်းခြေများကြောင့် ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်လည်ပတ်သော ဂိုအားပြည်နယ်သည် အများပြည်သူဆိုင်ရာနေရာများတွင် အရက်သောက်သုံးခွင့်ပြုထားသော ပြည်နယ်အနည်းငယ်အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ပြည်နယ်အကြီးအကဲ Manohar Parrikar က အရက်သောက်သုံးသူများကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်ဖြစ်မှုများကို ထိန်းချုပ်ရန် အများပြည်သူဆိုင်ရာနေရာများ၌ အရက်သောက်သုံးခြင်းကို တားမြစ်သည့်ဥပဒေ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ကပြောကြားခဲ့သည်။

၎င်းက အရက်သောက်သုံးချင်ပါက အများပြည်သူဆိုင်ရာနေရာများတွင်သောက်သုံးခြင်းမပြုသင့်ဘဲ နေအိမ် (သို့) ဆိုင်အတွင်းသာ သောက်သုံးသင့်ကြောင်း ပြည်နယ်မြို့တော် Panajaiမြို့၌ပြောကြားခဲ့သည်။၎င်းက အများပြည်သူဆိုင်ရာနေရာများ တွင် အရက်သောက်သုံးခြင်းအား တားမြစ်မှုကို သတိပေးချက်နှိုးဆော်ချက် ထုတ်ပြန်ရန်လိုအပ်နေပြီး လက်ရှိ ဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် ယင်းသတိပေးနှိုးဆော်ချက် ကို အောက်တိုဘာလကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဂိုအာပြည်နယ်ရှိ ကမ်းခြေများအပါအဝင် အချို့သော အများပြည်သူဆိုင်ရာနေရာများတွင် အရက်သောက်သုံးခြင်းကို တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)