Connect with us

Asia

စင်ကာပူဝန်ကြီးချုပ်၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်

စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းအားတွေ့ ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း ၏ မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည့်ခရီးစဉ်သည် တရုတ်စင်ကာပူ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံတမန်က စက်တင်ဘာလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Fang Xinwen နှင့် ဆင်ဟွာသတင်းဌာနတို့ ပြုလုပ်သော အင်တာဗျူးတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ စာရင်းဇယားများအရ ပြီးခဲ့သော နှစ်က တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသော စင်ကာပူနိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖောက်ဆောင်မှုဒေသတစ်လျှောက်ရှိနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် နိုင်ငံအသီးသီးမှ တရုတ်နိုင်ငံအတွင်းပြုလုပ်ထားသည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၈၅.၂ ရာခိုင်နှုန်းအထိ ရှိကြောင်း နှင့် တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက် နှင့် စင်ကာပူနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် နိုင်ငံအသီးသီး၌ တရုတ်နိုင်ငံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းနီးပါးအထိ ရှိကြောင်း Fang ကဆိုသည်။

ထို့ထက်ပို၍ စင်ကာပူနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်တွင် ပါဝင်သည့် နိုင်ငံများအနက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် စင်ကာပူ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ပူးတွဲကောင်စီကို စတင်အချိန်ကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ကဏ္ဍသစ်တစ်ခုအဖြစ် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု ကို မြှင့်တင်ရန် ၊ ပူးပေါင်းဆောင်ရွက်မှု နှင့်ဆက်စပ်၍ ခွန်အားရှိသော အချိန်ကာလတစ်ခုအဖြစ် ထုတ်ဖော်ပြသခဲ့ပြီဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117