Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မြေပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ် Naga မြို့တွင် စက်တင်ဘာလ ၂၀ ရက်က မြေပြိုကျမှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အာဏာပိုင်များနှင့် မျက်မြင်သက်သေများ အဆိုအရ မြေပြိုမှုက ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီက Naalad နှင့် Tinaan ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကနဦးသတင်းများအရ အနည်းဆုံး နေအိမ် ၂၀ ခန့် မြေအောက်မြုပ်သွားခဲ့ကြောင်း၊ အိမ်တန်း ပျက်စီးမှုအရေအတွက် ၃၅ လုံးအထိရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Cebu တွင် သေဆုံးနစ်နာသူအချို့အား ရဲတပ်ဖွဲ့က ရှာဖွေ ကယ်ဆယ်နေသည့်ဓာတ်ပုံများအား ဒေသခံမီဒီယာက တင်ပြထားသည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ကျေးရွာများတွင် တစ်ညလုံးမိုးရွာသွန်းခဲ့ခြင်းကြောင့် မြေများပျော့သွားခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.