Connect with us

Asia

SCO အစည်းအဝေးတက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ ထွက်ခွာ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) သည် တရုတ်နိုင်ငံ ချင်းသောင်မြို့၌ ဇွန် ၉ ရက်တွင် စတင်မည့် ၂ရက်တာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအား တက်ရောက်ရန် ဇွန် ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ထွက်ခွာလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က တွစ်တာတွင် အတည်ပြုပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ က ဇွန် ၉ ရက် နှင့် ၁၀ ရက် တွင် ကျင်းပမည့် SCO ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံ ချင်းသောင်မြို့သို့ ဦးတည်ထွက်ခွာမည်ဖြစ်ကြောင်း၊ ယခု SCO ထိပ်သီးအစည်းအဝေး သည် အိန္ဒိယက အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပထမဆုံးတက်ရောက်သော အစည်းအဝေးဖြစ်ကြောင်း နှင့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး နယ်ပယ်အသီးသီးမှ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.