Connect with us

Asia

အီရတ်တွင် ကလေးငယ် ၁၂၇ ဦး အိုင်အက်စ် ပြန်ပေးဆွဲ

ဆီးရီးယား ကလေးငယ်များ သောက်သုံးရေ ဖြည့်နေကြစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

အစ္စလာမ်မစ် နိုင်ငံတော် (Islamic State) စစ်သွေးကြွများသည် ၎င်းတို့၏ အကြမ်းဖက်အဖွဲ့ဝင်အဖြစ် သင်တန်း ပေးရန် ကလေးငယ် ၁၂၇ ဦးအား အိုင်အက်စ် အခြေစိုက် မိုဆူးမြို့တွင် ပြန်ပေးဆွဲထားကြောင်း အီရတ်သတင်း မီဒီယာတွင် အင်္ဂါနေ့က ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြန်ပေးဆွဲ ခံရသော ကလေးငယ် ၁၂၇ ဦးသည် အသက်အရွယ်အားဖြင့် ၁၁ နှစ်ကနေ ၁၅ နှစ် ရှိသော ကလေးငယ်များ ဖြစ်ကြောင်း ကာဒစ္စတန် ဒီမိုကရက်တစ် ပါတီ၏ အရာရှိ Saeed Mamouzini ကပြောပါတယ် ။

ထိုကလေးငယ်များအား လက်နက် အသုံးပြုပုံနှင့် အကြမ်းဖက်မှု လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ပုံ များသင်ကြားရန်အတွက် အထူးစခန်းသွင်း လေ့ကျင့်ရန် ပို့ဆောင်လိုက်ကြောင်း အဆိုပါ အရာရှိက ထပ်လောင်း ပြောကြားသည်။

ပြန်ပေးဆွဲခံရသော ကလေးငယ်တစ်ဦး၏ ဖခင်သည် သူ၏ကလေးအား ကာကွယ်ရန် ကြိုးစားရင်းနှင့် ပြန်ပေးသမားနှစ်ဦးအား သတ်ခဲ့သည်ဟု ဆိုပါသည်။

အကြမ်းဖက်အဖွဲ့ အိုင်အက်စ်သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် နယ်မြေဒေသ အတော်များများကို သိမ်းပိုက် ထားပါသည်။ မိုဆူးမြို့သည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လကတည်း က အိုင်အက်စ် ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေခဲ့သော မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.