Connect with us

Asia

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ အကြမ်းဖက်သမား ၁၂ ဦးကို Balochistan ပြည်နယ်တွင် သုတ်သင်ခဲ့

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အမျိုးသား လုံခြုံရေး ဌာန အနေဖြင့် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် အကြမ်းဖက် အဖွဲ့အစည်း ရှင်းလင်းရေး ဆောင်ရွက်ရာတွင် အကြမ်းဖက်သမား ၁၂ ဦးကို သုတ်သင် နိုင်ခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ဌာန က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက်၌ အမျိုးသား လုံခြုံရေး ဌာန အနေဖြင့် ပြီးခဲ့သည့် ၂ ရက်ကြာ ကာလ အတွင်း သတင်းအချက်အလက်အရ Balochistan ပြည်နယ်တွင် အကြမ်းဖက်အဖွဲ့အစည်း ရှင်းလင်းမှု စစ်ဆင်ရေး ကို ဆောင်ရွက်ခဲ့ရာ၌ တောင်တန်းရှိ လိုဏ်ဂူ တစ်ခု တွင် အကြမ်းဖက် သမားများ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အကြမ်းဖက် သမား ၁၂ ဦးကို သုတ်သင် နိုင်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ မှ တပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အကြမ်းဖက်သမား များအနေဖြင့် ထိုစဉ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ပါဝင်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှု နှင့်ပတ်သက်၍ အသေးစိတ် ကိုမူ ထုတ်ပြန်ချက်တွင် ပါဝင် ခဲ့ခြင်း မရှိပါ။ ဒေသတွင်း မီဒီယာ များမှ အစိုးရ အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ဖြင့် ရေးသား ဖော်ပြချက်များတွင် ယင်း အကြမ်းဖက်သမားများသည် IS အကြမ်းဖက် အဖွဲ့အစည်း ၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ကြောင်း သိရှိရသည်။မေလ ၁၂ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ ၏ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ သည် ယာဉ်တန်းဖြင့် ခရီးသွား နေစဉ် အတွင်း ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရပြီး ၂၅ ဦးသေဆုံးကာ ဒုတိယ ဥက္ကဋ္ဌ အပါအဝင် ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွား ပြီးနောက်တွင် IS အကြမ်းဖက် အဖွဲ့အစည်း မှ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ကြေညာ ခဲ့သည်။(Xinhua)