Connect with us

Asia

တောင်ကိုရီးယား နိုင်ငံသား ၂ ဦး ကို Panmunjom ရွာ မှ တဆင့် မြောက်ကိုရီးယား ပြန်လည် ပို့ဆောင် ပေး

တောင်ကိုးရီးယား(ROK) နှင့် မြောက်ကိုးရီးယား (DPRK) နယ်ခြားဂိတ် မြင်ကွင်း (ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား (DPRK) သည် တောင်ကိုရီးယား (ROK) နိုင်ငံသား ၂ ဦး ကို ယာယီ စစ်ပြေငြိမ်း ထားသည့် Panmunjom ရွာ မှတဆင့် ဇွန် လ ၁၇ ရက် တွင် ပြန်လည် ပို့ဆောင် ပေးကြောင်း ဆိုးလ်၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန က ပြောကြား သည်။

ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Park Soo-jin က မြောက်ကိုရီးယား က တောင်ကိုရီးယား နိုင်ငံသား ၂ ဦး ကို ဒေသစံတော် ချိန် နံနက် ၁၀း၁၅ မိနစ် တွင် Panmunjom ရွာ မှ တဆင့် ပြန်လည် ပို့ဆောင် ပေးပါတယ်ဟု ပုံမှန် သတင်းစာ ရှင်းလင်း ပွဲ တွင် ပြောကြားသည်။

တောင်ကိုရီးယား နိုင်ငံသား ၂ ဦး မှာ လီ (Lee) မျိုးရိုး နှင့် ဂျင် (Jin) မျိုးရိုး ဇနီးမောင်နှံ ဖြစ်သည်။ အသက် ၅၉ နှစ် နှင့် ၅၁ နှစ် တို့ ဖြစ်ကြ သည်။ ၎င်း စုံတွဲ သည် မြောက်ကိုရီးယား နယ်စပ် အနီး တရုတ် နိုင်ငံအတွင်း တွင် ခရီးသွား နေစဉ် ပျောက်ဆုံး သွားခဲ့ ခြင်း ဖြစ် သည်။

မြောက်ကိုရီးယား နိုင်ငံ ကြက်ခြေနီ ကော်မတီ ခေါင်းဆောင် က မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ မေလ ၁၁ ရက် တွင် တရားမဝင် ဝင်ရောက် လာသော တောင်ကိုရီးယား နိုင်ငံသား နှစ်ဦးကို ဇွန် လ ၁၇ ရက် တွင် ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ ကြက်ခြေနီ ကော်မတီ ခေါင်းဆောင်ထံသို့ ဇွန်လ ၁၅ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့ ကြောင်း သိရသည်။ (Xinhua)