Connect with us

Australia / Oceania

ပါဒ့်တိရစ္ဆာန်ရုံတွင် ဂါလက်ပါဂိုစ့်လိပ်၏ နှစ် ၅ဝ ပြည့် ရွှေရတုမွေးနေ့ပွဲကျင်းပ

ပါဒ့်တိရစ္ဆာန်ရုံတွင် ဂါလက်ပါဂိုစ့်လိပ်မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ပါဒ့်မြို့ရှိ ပါဒ့်တိရစ္ဆာန်ရုံတွင် ကာရိုအမည်ရှိ ဂါလက်ပါဂိုစ့် လိပ်ကြီး၏ နှစ် ၅ဝ ပြည့် ရွှေရတု မွေးနေ့အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မွေးနေ့အခမ်းအနားတွင် ဖရဲသီးများ ၊ လိမ္မော်သီးများ ၊ စတော်ဘယ်ရီသီးများ ၊ သင်္ဘောသီးများဖြင့် အထူးစီမံ ပြုလုပ် ထားသော သစ်သီးကိတ်ကို ဂါလက်ပါဂိုစ့် လိပ်ကြီးအတွက် ပြင်ဆင်ပေးခဲ့ကြောင်း ပါဒ့်တိရစ္ဆာန်ဥယျာဉ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ ဒီလိပ်မျိုးက ကီလိုမီတာ ၂ဝဝ အထိ တွားသွားနိုင်တယ်။ ကာရိုက သူ့ကိုကျွေးတဲ့ အစားအစာကို နှစ်သက်တယ်။ သူအရမ်းကြိုက်တဲ့အသီးအနှံတွေကတော့ ဖရဲသီး ၊ ကီဝီသီး ၊ ရွှေဖရုံသီး နဲ့စတောဘယ်ရီသီးတွေပေါ့” ဟု ပါဒ့်တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးဖြစ်သူ Emily က ဆိုသည်။
“ ဒီလိပ်တွေက အနံ့ခံသိပ်မကောင်းပါဘူး။ ဒါကြောင့် အစာရှာဖို့သူတို့ဟာ မျက်လုံးကိုပဲ အဓိကအသုံးပြုကြတယ်” ဟု ၎င်း ကဆက်ပြောသည်။ “ ဘယ်အနီရောင်မဆို ကာရိုကို ကောင်းကောင်းစွဲဆောင်နိုင်တယ်။ သူက အရောင်တောက်တောက် အစားအစာမျိုးကို ကြိုက်တယ်လေ” ဟု Emily က ပြောသည်။
ပါဒ့်တိစ္ဆာန်ရုံထဲတွင် ဂါလက်ပါဂိုစ့် လိပ်ကြီး နှစ်ကောင်ကို မွေးမြူထားပြီး အနီးအနားတွင် အစားအစာများ ထည့်ပေးထားချိန်တွင် ကာရိုသည် သူ့အတွက်အစာများကို လျင်လျင်မြန်မြန်စားတတ်ကြောင်း သိရသည်။
ကာရို၏ မွေးဖွားရာဇာတိမှာ အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုတိရစ္ဆာန်ရုံ၌ ဖြစ်သည်။ ၎င်းသည် ၂ဝဝ၅ ခုနှစ်တွင် အစ်ကိုဖြစ်သူ Sierra နှင့်အတူ ပါ့ဒ်တိရစ္ဆာန်ရုံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကာရိုသည် အသက် ၅ဝ နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း ငယ်ရွယ်နုပျိုနေဆဲဖြစ်သည်။ လက်ရှိအချိန်ထိ ကမ္ဘာ့အသက်ကြီးဆုံး ဂါလက်ပါဂိုစ့်လိပ်ကြီးမှာ အသက် ၁၇၅ နှစ်ဖြင့်စံချိန်တင် ထားကြောင်းသိရသည်။ ဂါလက်ပါဂိုစ့်လိပ်မျိုးသည် ကမ္ဘာပေါ်တွင် အရွယ်အစားကြီးမားဆုံး လိပ်မျိုးအဖြစ် လူသိများကြသည်။ လက်ရှိတွင်တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၂ဝဝဝဝ ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။
ကာရိုတို့ဝမ်းကွဲညီနောင် လိပ်နှစ်ကောင်ကို အဓိက ခြိမ်းခြောက်နေသော အကောင်များမှာ ကြွက်များ ၊ ခွေးများ နှင့် ကြောင်များဖြစ်ကြောင်း ၎င်းအကောင်များသည် ဥများ နှင့် လိပ်သားပေါက်များကိုလည်း စားသောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.