Connect with us

Australia / Oceania

ဖီဂျီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် အင်အား ၆.၄ပမာဏရှိသည့် အင်အားပြင်း ငလျင်လှုပ်ခတ်

ဖီဂျီနိုင်ငံ၏ တည်နေရာမြေပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ဆူဗာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် အင်အား ၆.၄ပမာဏရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခု သြဂုတ်လ ၁၉ ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုအဖွဲ့က ပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

ငလျင်သည် ဒေသစံတော်ချိန် နေ့လည် ၂နာရီ တွင် ဖီဂျီနိုင်ငံ လီဗူကာမြို့အရှေ့ဘက် ၁၉၄.၄ကီလိုမီတာကို ဗဟိုပြု၍ မြေအောက် ၅၃၈.၆ကီလိုမီတာ၌လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖီဂျီနိုင်ငံသည် ကမ္ဘာ့တိုက်ကြီးများ၏ မြေသားလွှာများ ပွတ်တိုက်ကာ ငလျင်လှုပ်ခတ်မှုများ မကြာဏဖြစ်ပေါ်တတ်သော ငလျင်ကြော နှင့် မီးတောင်ဇုန်ဖြစ်သည့် Pacific “Ring of Fire” ပေါ်တွင်တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.