Connect with us

Australia / Oceania

ဖီဂျီနိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ပိုမိုနီးကပ်စွာ ရွေ့လျားလာနိုင်ခြေရှိသဖြင့် နာရီများစွာကြာ အပြင်မထွက်ရအမိန့်သစ် ကြေညာ

ဖီဂျီနိုင်ငံ Viti Levu ကျွန်းရှိ Ba မြို့တွင် ရေဖုံးလွှမ်းနေသည်ကို ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- FIJI SUN/Handout via Xinhua)

ဆူဗာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဖီဂျီနိုင်ငံသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ပိုမိုနီးကပ်စွာ ရွေ့လျားလာနိုင်ခြေရှိသဖြင့် ဇန်နဝါရီ ၂၉ ရက် ညပိုင်းက နာရီများစွာကြာ အပြင်မထွက်ရအမိန့်သစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဖီဂျီ ဝန်ကြီးချုပ် Voreqe Bainimarama နှင့် အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းမှာ ဖီဂျီနိုင်ငံသားများ ဘေးကင်းရေးနှင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု သေချာစေရန် ဖြစ်ကြောင်း ဖီဂျီ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရုံး၏ အဆိုအရ သိရသည်။

 ဖီဂျီနိုင်ငံ Viti Levu ကျွန်းရှိ Ba မြို့တွင် ရေဖုံးလွှမ်းနေသည့် လမ်းတစ်နေရာ၌ လူအများလမ်းလျှောက်နေသည်ကို ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- (FIJI SUN/Handout via Xinhua)

ဖီဂျီနိုင်ငံ အနောက်ပိုင်းနှင့် အခြားသော အပိုင်းများတွင် နေထိုင်သူများအနေဖြင့် ပိုမိုဆိုးရွားလာနိုင်သည့် လက်ရှိရာသီဥတုအခြေအနေနှင့်ပတ်သက်၍ ကောင်းစွာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံအနောက်ပိုင်းဒေသ အတွက် အပြင်မထွက်ရအမိန့်ကာလမှာ ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂:၀၀ နာရီမှ စတင်ကာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄:၀၀ နာရီအထိ ဖြစ်ကြောင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများအတွက်မူ ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် ညနေ ၄:၀၀ နာရီမှ စတင်ကာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄:၀၀ နာရီ အထိဖြစ်သည်။

ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် ဖီဂျီနိုင်ငံတစ်ဝန်း ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်ကတည်းက နေ့စဉ် ဒေသစံတော်ချိန် ည ၁၁:၀၀ နာရီမှ နံနက် ၄:၀၀ နာရီ အထိ သတ်မှတ်ထားသော ညမထွက်ရအမိန့်လည်း ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

အပူပိုင်းလေဖိအားနည်းရပ်ဝန်းသည် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် Ana အမည်ရှိ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်အားကောင်းလာမည်ဟု ခန့်မှန်းထားကြောင်း ဖီဂျီနိုင်ငံ မိုးလေဝသဌာနက ပြောခဲ့သည်။

ဖီဂျီနိုင်ငံသားများအား ရေနှင့်စားနပ်ရိက္ခာ အလုံအလောက် သိုလှောင်ထားရန်နှင့် အစိုးရက ယာယီစင်တာများအဖြစ် ဖွင့်လှစ်ထားသည့် ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းကြရန် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရုံးက တိုက်တွန်းခဲ့သည်။

လက်ရှိတွင် လူဦးရေ ၂,၀၀၀ ကျော်သည် နိုင်ငံတစ်ဝန်းရှိ ယာယီစင်တာ ၅၆ ခုတွင် ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်အဖြစ် ပင်လယ်ရေကြောင်းပို့ဆောင်ရေးများအားလုံးကို ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ၆:၀၀ နာရီမှ ရပ်နားထားသလို ဖီဂျီနိုင်ငံရှိ စာသင်ကျောင်းများအားလုံးကိုလည်း ယင်းနေ့၌ ပိတ်ထားလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ဖီဂျီနိုင်ငံသို့ ယာဆာ (Yasa) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ လေးဦးသေဆုံးပြီး အထူးသဖြင့် နိုင်ငံမြောက်ပိုင်းရှိ နေအိမ်များနှင့် စာသင်ကျောင်းများ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့သည်။

နှစ်စဉ် နိုဝင်ဘာလနှင့် ဧပြီလအတွင်း တောင်ပစိဖိတ်ဒေသတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းရာသီ ကျရောက်လေ့ရှိပြီး ဖီဂျီနိုင်ငံ၌ လက်ရှိကာလအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း သုံးလုံးခန့်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်ထားကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)
Fiji announces new curfew hours as possible tropical cyclone moves closer
Source: Xinhua| 2021-01-30 09:41:21|Editor: huaxia
SUVA, Jan. 30 (Xinhua) — Fiji announced on Friday night new curfew hours over a possible tropical cyclone moving towards the island nation.
According to Fiji’s National Disaster Management Office, the decision came following a meeting held with Fijian Prime Minister Voreqe Bainimarama, and this is for the safety of Fijians and to ensure the state of preparedness.
To ensure those residents in the western and other parts of the country are well prepared for the current weather situation to worsen, the curfew for the western part of the nation will begin at 12:00 p.m. local time on Saturday until 4:00 a.m. local time on Monday while the curfew for the eastern, central and northern parts of the nation will begin from 4:00 p.m. local time on Saturday until 4:00 a.m. local time on Monday.
To deal with the COVID-19 pandemic, Fiji still maintains a nationwide curfew from 11:00 p.m. to 4:00 a.m. local time every day since March 30, 2020.
The Fiji Meteorological Service said that the tropical depression of concern is expected to further develop into a tropical cyclone that is likely to be named tropical cyclone Ana by Saturday morning.
The National Disaster Management Office has urged Fijians to store enough water and food, and move to safe places such as evacuation centers set up by the government.
Currently, more than 2,000 people are sheltered in 56 evacuation centers across the nation.
As a precautionary measure, all schools in Fiji closed on Friday while all maritime transport has been suspended from 6:00 p.m. local time on Friday.
Last December, tropical cyclone Yasa hit Fiji, killing four people and causing extensive damage to houses and schools, especially in the northern part of the nation.
The tropical cyclone season in the South Pacific region runs between November and April every year and Fiji was predicted to experience up to three tropical cyclones during the current season.■
1- The town of Ba on Viti Levu Island is seen flooded in Fiji, Jan. 29, 2021. (FIJI SUN/Handout via Xinhua)
2-People walk on a flooded road in the town of Ba on Viti Levu Island in Fiji, Jan. 29, 2021. (FIJI SUN/Handout via Xinhua)