Connect with us

Australia / Oceania

ဖီဂျီနိုင်ငံ ရှိ အကြီးဆုံး လက်လီ၊ လက်ကား ဖြန့်ချိရေး၏ ကုန်လှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား

ဖီဂျီနိုင်ငံ ရှိ အကြီးဆုံး လက်လီ၊ လက်ကား ဖြန့်ချိရေး၏ ကုန်လှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားစဉ် (ဆင်ဟွာ)

ဆူဗာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဈေးဝယ်စင်တာများ နှင့် စတိုးဆိုင်များအတွက် ပစ္စည်းထောက်ပံ့ပေးနေသော ဖီဂျီနိုင်ငံ၏ အကြီးဆုံး လက်လီ၊ လက်ကား အဖွဲ့အစည်း ဖြစ်သည့် Morris Hedstrom (MH) ၏ ကုန်လှောင်ရုံ တွင် ဧပြီ ၈ရက် နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးအား ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်လှောင်ရုံသည် ဖီဂျီနိုင်ငံ မြို့တော် ဆူဗာမြို့ တွင်တည်ရှိပြီး အခင်းဖြစ်ပွားရာသို့ ဖီဂျီအမျိုးသား မီးသတ်အာဏာပိုင်အဖွဲ့အစည်း မှ မီးသတ်သမားများ နှင့် မီးသတ်ယာဉ်များ ရောက်ရှိလာကာ အခြားအနီးအနား အဆောက်အအုံများသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိစေရန် ကြိုးပမ်းငြှိမ်းသတ်လျက်ရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကုန်လှောင်ရုံအတွင်း မီးလောင်လွယ်သည့် ပစ္စည်းများ ရှိနေနိုင်သည်ဟု ယုံကြည်ရပြီး မီးလောင်မှုသည် ဧပြီ ၈ရက် နေ့လည်ပိုင်းတွင် စတင်ခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကိုရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117