Connect with us

Australia / Oceania

အနောက် အိန္ဒိယ-အန္တာတိတ် စက်ဝန်းတွင် အင်အား ၅.၈ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

အနောက် အိန္ဒိယ-အန္တာတိတ် စက်ဝန်း ရှိ ငလျင် လှုပ်ခတ်ခဲ့သည့်နေရာအားမြေပုံ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အနောက် အိန္ဒိယ-အန္တာတိတ် စက်ဝန်းတွင် ရစ်ချ်တာစကေး ၅.၈ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ကနဦးတိုင်းတာချက်များအရ ငလျင်သည် တောင်လတ္တီကျု ၄၈.၉၂၃၄ဒီဂရီ ၊ အရှေ့လောင်ဂျီကျု ၁၂၃.၆၁၀၅ဒီဂရီ ရှိ အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)