Connect with us

Australia / Oceania

Long Tan စစ်မြေပြင်၌ အောက်မေ့ဖွယ်အခမ်အးနားကျင်းပရန် သြစတြေးလျကို ဗီယက်နမ်ခွင့်ပြု

Long Tan လက်ဝါးကပ်တိုင်၌ ၂ဝ၁၁ခုနှစ်က ဗီယက်နမ်စစ်ပြန်များ အလေးပြုနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ဗီယက်နမ်တပ်ဖွဲ့များ နှင့် သြစတြေးလျတပ်ဖွဲ့များအကြား တိုက်ပွဲဆင်နွှဲခဲ့သည့် Long Tan စစ်မြေပြင် နေရာဟောင်း၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပခွင့်ပြုရန် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Malcolm Turnbull ၏ သြဂုတ်လ ၁၇ ရက် ညပိုင်းက ကြားဝင် မေတ္တာရပ်ခံမှုကို ဗီယက်နမ်နိုင်ငံက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်စစ်ပြန်များနှင့် ကျဆုံးစစ်သည်များ၏ မိသားစုဝင်များက Long Tan နှစ် ၅ဝ ပြည့် အောက်မေ့ဖွယ် နေ့တွင် အလေးပြုခြင်း အခမ်းအနားကျင်းပခွင့်ရရန်တောင်းဆိုခဲ့ခြင်းကို ဗီယက်နမ်အာဏာပိုင်များက မူလက ပယ်ချခဲ့သည်။ သို့သော် ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc အား အခမ်းအနားကျင်းပခွင့်ပြုပါရန် သြစတြေးလျဝန်ကြီးချုပ် Turnbull က ဖုန်းဖြင့် ဆက်သွယ်၍ မေတ္တာရပ်ခံခဲ့ပြီးနောက်တွင် ပြန်၍ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
Long Tan စစ်မြေပြင်၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပခွင့်ပြုသည့်အတွက် ဗီယက်နမ်အစိုးရအား ကျေးဇူးတင်ကြောင်း သြစတြေးလျနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန ဝန်ကြီးDan Tehan က Nine Network သတင်းဌာန သို့ပြောကြားခဲ့သည်။သြစတြေးလျနိုင်ငံသားများစွာသည် ဗီယက်နမ်နိုင်ငံရှိ စစ်မြေပြင်ဟောင်းသို့သွားရောက်ပြီး စစ်အတွင်းကျဆုံးခဲ့သူများအား အလေးပြုရန် ရှိနေကြောင်းသိရသည်။
“ ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေနဲ့ဗီယက်နမ်စစ်ပြန်ဟောင်းတွေရဲ့ ဝမ်းနည်း စာနာမှုကို ဖော်ပြခွင့်ရအောင် ဗီယက်နမ်ကိုသွားခွင့်ပေးဖို့ Turnbull ရဲ့ ဗီယက်နမ်အစိုးရကို တိုက်တွန်းခဲ့တဲ့ အကျိုးရလဒ်တစ်ခုပါပဲ။ ဗီယက်နမ်အစိုးရက အဲဒီနေရာမှာ အခမ်းအနားကျင်းပခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက Nine Network သတင်းဌာနသို့ပြောသည်။
ဗီယက်နမ်နိုင်ငံ၌ Long Tan တိုက်ပွဲသည် ၁၉၆၆ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.